Thursday, May 17, 2012

အကြောင်းပြချက် (၄)


(၄) အာရုံကြောဆိုင်ရာ Cell များ အသစ်ပြန်လည်ဖြစ်ပေါ်လာခြင်း (Neurogenesis)
အကြောင်းအရာ
          ပင်မဆဲလ် (Stem Cell) သုတေသနလုပ်ငန်းများကို သင်ကြားဖူးပါသလား? Stem Cell များ၏ ထူးခြားချက်မှာ ဆဲလ်သေများ (Dead Cells) အား အသစ်ပြန်လည်ဖြစ်ပေါ်စေခြင်းဖြစ်သည်။ Stem Cell များကို အသုံးပြု၍ သေဆုံးပြီးသော ဦးနှောက်ဆဲလ်များအား ပြန်လည်မွေးဖွားခြင်းနည်းလမ်းကို Neurogenesis နည်းပညာဟု ဖုတ်ကောင်ဗေဒပညာရပ် (Zombology) တွင် ခေါ်ဆိုသည်။
ယင်းအကြောင်းအရာမှတစ်ဆင့် ဖုတ်ကောင်ဖြစ်ပေါ်ခဲ့လျှင်
          ဆေးသိပ္ပံပညာရပ်များ ထွန်းကားလာခြင်းကြောင့် သင့်အား ရောဂါအမျိုးမျိုး၏ အန္တရာယ်မှ လုံခြုံစွာကာကွယ်ပေးနိုင်ပြီဖြစ်သည်။ ရောဂါတစ်ခုခုကြောင့် သင်၏ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်စုံ တစ်ခုပျက်စီးခဲ့လျှင် အစားထိုးလဲလှယ်၍ရသော်လည်း ဦးနှောက်ပျက်စီးသွားလျှင်မူအစားထိုး၍ မရပေ။ သို့သော်အနာဂတ်ကာလတွင် သတိလစ်မေ့မြော်၍ Coma အခြေအနေဖြစ်ပေါ်နေသော လူနာ၏ ဦးနှောက်အား ပြန်လည်ရှင်သန်လာစေရန် သုတေသနပြုလုပ်လျက်ရှိသည်။ ယင်းလူနာများ၏ ဦးနှောက်အား ပြန်လည်ရှင်သန်ရုံသာမက ပြန်လည်နိုးထ၍လမ်းလျှောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိစေရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ထက်ပို၍ သေဆုံးပြီးသောလူများအား ပြန်လည်လှုပ်ရှား အသက်ဝင်လာစေရန် သုတေသနပြုလုပ်လျက်ရှိသည်။
          ယင်းသုတေသနဓာတ်ခွဲခန်းများတွင် ပြန်လည်အသက်သွင်းခြင်း သုတေသနများကို ပြုလုပ် လျက်ရှိပြီး လူသေတစ်ယောက်အား ပြန်လည်အသက်သွင်းရာတွင် ကြုံတွေ့ရသော ပြဿနာများအား ရှင်းလင်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ Stem Cell များကို အသုံးပြု၍ ဦးနှောက် Cell များအာ အသစ်ပြန်လည်မွေးဖွားခြင်းပြုလုပ်ရာတွင် ဘေးထွက်ဆိုးကျိုးအနေဖြင့် ဦးနှောက်၏ အပြင်လွှာ (The Cortex) ပျက်စီးသွားခြင်းဖြစ်သည်။ ဦးနှောက်အပြင်လွှာသည် လူသားတစ်ဦးကဲ့သို့တွေးတော ဆင်ခြင်နိုင်စေရန်နှင့် လူသားဆန်စေရန်ပြုလုပ်ပေးသောအပိုင်းဖြစ်သည်။ ယင်းအပိုင်းအား ဖယ်ထုတ် လိုက်မည်ဆိုပါက လူ၏ခန္ဓာကိုယ်သည် မော်တာကို အခြေခံ၍ ထိန်းချုပ်ထားသကဲ့သို့ ဖြစ်ပေါ်ပြီး သမားရိုးကျအခြေခံလှုပ်ရှားမှုများကိုသာ ပြုလုပ်နိုင်မည်ဖြစ်သည်။
          ဦးနှောက်အပြင်လွှာ၏ လုပ်ငန်းစဉ်များရပ်ဆိုင်းသွားရုံမျှဖြင့် အသက်မရှင်သန်နိုင်တော့ဟု ယူဆ၍ မရပေ။ ကျန်ရှိသော ဦးနှောက်အစိတ်အပိုင်းများအား ပြန်လည်ရှင်သန်လာစေရန် Stem Cell နည်းပညာဖြင့် ပြုလုပ်မည်ဖြစ်သည်။ ဦးနှောက်အပြင်လွှာကင်းမဲ့ခြင်းကြောင့် အသိစိတ်ပျောက်ကာ လမ်းလျှောက်ခြင်း၊ စားသောက်ခြင်းတို့ကိုသာပြုလုပ်နိုင်မည်ဖြစ်သည်။ ဥပမာအနေဖြင့် ကြက်များတွင် ယင်းတို့၏ဦးခေါင်းအား ဖြတ်ပစ်လိုက်သည့်တိုင်အောင် လမ်းလျှောက်နိုင်သေးကြောင်း တွေ့ရသည်။ အဖြစ်အပျက်တစ်ခုအနေဖြင့် ၁၉၄၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကော်လိုရာဒိုမြို့နယ်၌ ဖြစ်ပေါ်ခဲ့ သည့် ထူးဆန်းသောကြက်တစ်ကောင်၏အကြောင်းကို ဆက်လက်ဖော်ပြပါမည်။ ညစာအဖြစ် ချက်ပြုတ်ရန် ယင်းကြက်၏ ဦးခေါင်းအားပုဆိန်ဖြင့်ခုတ်ဖြတ်ခဲ့သော်လည်း ဦးခေါင်းပြတ်လျက်ရှိ သောကြက်သည် အစာလိုက်ရှာဟန်ပုံစံမျိုး ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရသည်။ ယင်းကြက်သည် ၁၈ လ ကြာမြင့်သည်အထိ အသက်ရှင်ခဲ့ကြောင်းသိရှိရသည်။ အကယ်၍သာ သင်သည်အဆိုပါ ဦးနှောက် ဆဲလ်ပြန်လည်မွေးဖွားခြင်း နည်းပညာဖြင့် ဦးနှောက်သေဆုံးလျက်ရှိသော လူနာတစ်ယောက်အား ကုစားခဲ့မည်ဆိုလျှင် ဖုတ်ကောင် ကဲ့သို့အသိစိတ်ကင်းမဲ့၍ အတွေးအခေါ်မရှိတရွတ်ဆွဲနေသည့် ကိုယ်ခန္ဓာကိုပိုင်ဆိုင်သောသူတစ်ဦး ဖြစ်ပေါ် လာမည်ဖြစ်သည်။
ယင်းအကြောင်းအရာမှတစ်ဆင့် Zombie Apocalypse ဖြစ်ပေါ်ခဲ့လျှင်
          ကမ္ဘာတစ်ဝှမ်းရှိ တရားဥပဒေစနစ်တိုင်းတွင် လူတစ်ဦးသေဆုံးခဲ့လျှင် ယင်း၏အခွင့်အရေးနှင့် 
တာဝန်များအဆုံးသတ်သွားမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။ သို့သော် သေဆုံးပြီးသောသူများ၏ 
ဦးနှောက်ဆဲလ်များအား ပြန်လည်အသက်သွင်း၍ စိတ်ခံစားမှုကင်းမဲ့သည့်သူများအဖြစ် ထွက်ပေါ်လာလျှင် 
အဆိုပါသူများသည် အမိန့်ကိုအလုံးစုံလိုက်နာကာ အစေခံလုပ်သားများအဖြစ် များစွာအသုံးဝင် နိုင်မည်ဟု 
ကျွမ်းကျင်ပညာရှင်များကခန့်မှန်းထားသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်လွှား၌ ဦးနှောက် 
ပြန်လည်ရှင်သန်ခြင်း သုတေသနများအား အများအပြားပြုလုပ်လျက်ရှိသည်။ မကြာမီအချိန်အတွင်း တွင် 
မြောက်ကိုရီးယားနိုင်ငံသည် ဖုတ်ကောင်အလုပ်သမားများနှင့် နိုင်ငံ၏စီမံကိန်းများအား အကောင် 
အထည်ဖော်မည်ဆိုလျှင် အံသြစရာဖြစ်လာမည်မဟုတ်ပေ။

No comments:

Post a Comment