Thursday, May 24, 2012

ဖုတ်ကောင်နှင့် ပတ်သက်သော ဓာတ်ပုံများ

ဖုတ်ကောင်အစာလမ်းညွှန်
ဖုတ်ကောင်များနှင့် ဆက်ဆံနည်း
သက်ဆုံးတိုင်ဆိုတာထက်ကို ပိုပါတယ်
ဖုတ်ကောင်တွေ တော်တော်ကြိုက်မယ့် ရေခဲမုန့်
စွမ်းအင်ရှာဖွေမှုပုံစံအသစ်
Zombie Anatomy
ပြင်ဆင်မှုအဆင့်-ဥာဏ်ကြီးရှင်
Zombie Sushi
အကောင်းဆုံး ဖုတ်ကောင်ထောင်ချောက်
The Walking Dead ပိတ်ကားနောက်ကွယ်
Star War ဖုတ်ကောင်များ
Like လုပ်လိုက်ပါတယ်
အဖြစ်ဆိုးလှချည်လား ပဲရစ်ဟီလ်တန်လေးရယ်
ဂျပ်စ်တင်းဘီဘာလည်း သွားရှာပြီ
ဖုတ်ကောင်ဖြစ်သွားတဲ့ အိုဘားမား

Thursday, May 17, 2012

အကြောင်းပြချက် (၅)


(၅) ကိုယ်အင်္ဂါအတွင်းရှိ အလွန်သေးငယ်သော စက်ရုပ်များ (Nanobots)
အကြောင်းအရာ
          Nanobot ဆိုသည်မှာ သင့်အားနောင်တစ်ချိန်တွင် ကြောက်လန့်တကြားဖြစ်စေရန် သိပ္ပံပညာ က တီထွင်ပေးလိုက်သောနည်းပညာတစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်း Nanobot များ သည် မိုက်ကရိုစကုပ်မှန်ပြောင်းဖြင့်သာ ကြည့်ရှု၍ရပြီး ပုံတူပွားနိုင်သော၊ မဖျက်စီးနိုင်သော အရာများ ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။ လက်ရှိကာလတွင် Nano နည်းပညာတိုးတက်ရေး အတွက် မြောက်မြား စွာသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။ တစ်ချိန်တွင် Nanobot များက လူသားမျိုးနွယ်အား ဖျက်ဆီးနိုင်မည်ဟု သိပ္ပံပညာရှင်အချို့က ကြိုတင်ခန့်မှန်းခဲ့ကြသည်။
ယင်းအကြောင်းအရာမှတစ်ဆင့် ဖုတ်ကောင်ဖြစ်ပေါ်ခဲ့လျှင်
          သိပ္ပံပညာရှင်များသည် ဗိုင်းရပ်စ်ပိုးများနှင့် အလွန်သေးငယ်သောစီလီကွန်ချစ်ပ်ပြားများပေါင်း စပ်၍ Nano-Cyborg ကိုတီထွင်ခဲ့ပြီးဖြစ်သည်။ ယင်း cyborg များသည် ဗိုင်းရပ်စ်ပိုး ကူးစက်နေသော လက်ခံကောင် (Host) သေဆုံးသွားပြီးအချိန်တစ်လကြာမြင့်သည့်တိုင်အောင် အလုပ်လုပ်နေကြောင်း လေ့လာတွေ့ရှိခဲ့သည်။
          လေ့လာထားချက်များအရ နောင်လာမည့်ဆယ်စုနှစ်၌ သင်၏ဦးနှောက်အတွင်းအာရုံကြော ပျက်စီးမှုများကို ပြန်လည်ပြုပြင်ပေးမည့် Nanobot များ ထည့်သွင်းနိုင်တော့မည်ဖြစ်သည်။ ဦးနှောက် အတွင်းရှိ Nanobot များသည် သင်၏အတွေးများကို ပြန်လည်ဆက်စပ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် Nano နည်းပညာသည် ဖုတ်ကောင်များဖြစ်ပေါ်လာနိုင်သည့် လမ်းကြောင်းအစသို့ ရောက်ရှိနေ ကြောင်း တွေ့ရှိရသည်။
ယင်းအကြောင်းအရာမှတစ်ဆင့် Zombie Apocalypse ဖြစ်ပေါ်ခဲ့လျှင်
          အနာဂတ်ကာလ၏ တစ်နေ့တွင် သင်၏ ဦးနှောက်အတွင်းသို့ Nanobot များ ရောက်ရှိလာမည် ဖြစ်သည်။ သင်သေဆုံးသွားသည့်တိုင်အောင် Nanobot များ ဆက်လက်အလုပ်လုပ်နိုင်ရန် ပရိုဂရမ် ရေးဆွဲထားနိုင်သည်။ ယင်းတို့သည် ကိုယ်ပိုင်အာရုံကြောလမ်းကြောင်းများ ပြုလုပ်လာနိုင်သည်။ တစ်နည်းအားဖြင့် သင်သေဆုံးသွားလျှင် သင်၏ဦးနှောက်ကိုအသုံးချကာ သင်၏ခြေလက်အင်္ဂါများ လှုပ်ရှားနိုင်စေရန် ပြုလုပ်မည်ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသည်မှာ သေဆုံးသွားသည့် ခန္ဓာကိုယ်ပုပ်သိုး မသွားခင်အချိန်အထိ လှုပ်ရှားနိုင်မည်ဖြစ်သည်။
          Nanobot များအား ကိုယ်တိုင်ပွားများရန် ပရိုဂရမ်ရေးဆွဲထားမည်ဆိုပါက ယင်းတို့၏ 
လက်ခံကောင်သေဆုံးသွားလျှင် ၄င်းတို့လည်း အဆုံးသတ်သွားမည်ဖြစ်သောကြောင့် တာရှည်စွာ 
တည်မြဲနေနိုင်ရန် အခြားလက်ခံကောင်ဆီသို့ ပြောင်းရွေှ့ရန်လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် Nanobot 
များ ဦးနှောက်အတွင်းထည့်သွင်းထားသောသူ သေဆုံးသည့်အခါတွင် အခြားသားကောင် 
တစ်ဦးအားကိုက်ဖြတ်၍ ဒဏ်ရာမှတစ်ဆင့် Nanobot များအား ကူးပြောင်းစေမည်ဖြစ်သည်။ 
သားကောင်၏ ကိုယ်အတွင်းသို့ Nanobot များ ရောက်ရှိသွားလျှင် ပထမဦးစွာ သားကောင်၏ 
ဦးနှောက်အပြင်လွှာ (Cortex) အား လုပ်ငန်းရပ်ဆိုင်းစေရန် ပြုလုပ်မည်ဖြစ်သည်။ ထိုအချိန်တွင် 
သားကောင်၏ ဦးနှောက်သည် ပုံမှန်အလုပ်မလုပ်နိုင်ဘဲ ဖုတ်ကောင်စာရင်းဝင်ဖြစ်သွားလိမ့်မည်။ ထိုသို့ 
Nanobot များ ပျံ့နှံ့သွားပါက ဖုတ်ကောင်ဖြစ်ပွားမှုများပျံ့နှံ့သွားမည် ဖြစ်သည်။ ယင်းဖြစ်စဉ်သည် 
ဖုတ်ကောင်ဖြစ်ပွားမှု အမှန်တကယ်ဖြစ်ပေါ်နိုင်ကြောင်း သိပ္ပံနည်းကျအကြောင်း ပြချက်ဖြစ်သည်။ 
အနာဂတ်ကာလ၏ တစ်နေ့တွင် ထိန်းမနိုင်သိမ်းမရဖြစ်နေသော Microscopic Nanobot များသည် 
လူသားစားဖုတ်ကောင်များနှင့် ပူးပေါင်းကာ ကမ္ဘာကြီးပေါ်ရှိလူယဉ်ကျေးမှုအဖွဲ့ အစည်းအား 
ပျောက်ကွယ်သွားစေရန် ဒုက္ခပေးကောင်းပေးလိမ့်မည် ဖြစ်သည်။

အကြောင်းပြချက် (၄)


(၄) အာရုံကြောဆိုင်ရာ Cell များ အသစ်ပြန်လည်ဖြစ်ပေါ်လာခြင်း (Neurogenesis)
အကြောင်းအရာ
          ပင်မဆဲလ် (Stem Cell) သုတေသနလုပ်ငန်းများကို သင်ကြားဖူးပါသလား? Stem Cell များ၏ ထူးခြားချက်မှာ ဆဲလ်သေများ (Dead Cells) အား အသစ်ပြန်လည်ဖြစ်ပေါ်စေခြင်းဖြစ်သည်။ Stem Cell များကို အသုံးပြု၍ သေဆုံးပြီးသော ဦးနှောက်ဆဲလ်များအား ပြန်လည်မွေးဖွားခြင်းနည်းလမ်းကို Neurogenesis နည်းပညာဟု ဖုတ်ကောင်ဗေဒပညာရပ် (Zombology) တွင် ခေါ်ဆိုသည်။
ယင်းအကြောင်းအရာမှတစ်ဆင့် ဖုတ်ကောင်ဖြစ်ပေါ်ခဲ့လျှင်
          ဆေးသိပ္ပံပညာရပ်များ ထွန်းကားလာခြင်းကြောင့် သင့်အား ရောဂါအမျိုးမျိုး၏ အန္တရာယ်မှ လုံခြုံစွာကာကွယ်ပေးနိုင်ပြီဖြစ်သည်။ ရောဂါတစ်ခုခုကြောင့် သင်၏ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်စုံ တစ်ခုပျက်စီးခဲ့လျှင် အစားထိုးလဲလှယ်၍ရသော်လည်း ဦးနှောက်ပျက်စီးသွားလျှင်မူအစားထိုး၍ မရပေ။ သို့သော်အနာဂတ်ကာလတွင် သတိလစ်မေ့မြော်၍ Coma အခြေအနေဖြစ်ပေါ်နေသော လူနာ၏ ဦးနှောက်အား ပြန်လည်ရှင်သန်လာစေရန် သုတေသနပြုလုပ်လျက်ရှိသည်။ ယင်းလူနာများ၏ ဦးနှောက်အား ပြန်လည်ရှင်သန်ရုံသာမက ပြန်လည်နိုးထ၍လမ်းလျှောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိစေရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ထက်ပို၍ သေဆုံးပြီးသောလူများအား ပြန်လည်လှုပ်ရှား အသက်ဝင်လာစေရန် သုတေသနပြုလုပ်လျက်ရှိသည်။
          ယင်းသုတေသနဓာတ်ခွဲခန်းများတွင် ပြန်လည်အသက်သွင်းခြင်း သုတေသနများကို ပြုလုပ် လျက်ရှိပြီး လူသေတစ်ယောက်အား ပြန်လည်အသက်သွင်းရာတွင် ကြုံတွေ့ရသော ပြဿနာများအား ရှင်းလင်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ Stem Cell များကို အသုံးပြု၍ ဦးနှောက် Cell များအာ အသစ်ပြန်လည်မွေးဖွားခြင်းပြုလုပ်ရာတွင် ဘေးထွက်ဆိုးကျိုးအနေဖြင့် ဦးနှောက်၏ အပြင်လွှာ (The Cortex) ပျက်စီးသွားခြင်းဖြစ်သည်။ ဦးနှောက်အပြင်လွှာသည် လူသားတစ်ဦးကဲ့သို့တွေးတော ဆင်ခြင်နိုင်စေရန်နှင့် လူသားဆန်စေရန်ပြုလုပ်ပေးသောအပိုင်းဖြစ်သည်။ ယင်းအပိုင်းအား ဖယ်ထုတ် လိုက်မည်ဆိုပါက လူ၏ခန္ဓာကိုယ်သည် မော်တာကို အခြေခံ၍ ထိန်းချုပ်ထားသကဲ့သို့ ဖြစ်ပေါ်ပြီး သမားရိုးကျအခြေခံလှုပ်ရှားမှုများကိုသာ ပြုလုပ်နိုင်မည်ဖြစ်သည်။
          ဦးနှောက်အပြင်လွှာ၏ လုပ်ငန်းစဉ်များရပ်ဆိုင်းသွားရုံမျှဖြင့် အသက်မရှင်သန်နိုင်တော့ဟု ယူဆ၍ မရပေ။ ကျန်ရှိသော ဦးနှောက်အစိတ်အပိုင်းများအား ပြန်လည်ရှင်သန်လာစေရန် Stem Cell နည်းပညာဖြင့် ပြုလုပ်မည်ဖြစ်သည်။ ဦးနှောက်အပြင်လွှာကင်းမဲ့ခြင်းကြောင့် အသိစိတ်ပျောက်ကာ လမ်းလျှောက်ခြင်း၊ စားသောက်ခြင်းတို့ကိုသာပြုလုပ်နိုင်မည်ဖြစ်သည်။ ဥပမာအနေဖြင့် ကြက်များတွင် ယင်းတို့၏ဦးခေါင်းအား ဖြတ်ပစ်လိုက်သည့်တိုင်အောင် လမ်းလျှောက်နိုင်သေးကြောင်း တွေ့ရသည်။ အဖြစ်အပျက်တစ်ခုအနေဖြင့် ၁၉၄၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကော်လိုရာဒိုမြို့နယ်၌ ဖြစ်ပေါ်ခဲ့ သည့် ထူးဆန်းသောကြက်တစ်ကောင်၏အကြောင်းကို ဆက်လက်ဖော်ပြပါမည်။ ညစာအဖြစ် ချက်ပြုတ်ရန် ယင်းကြက်၏ ဦးခေါင်းအားပုဆိန်ဖြင့်ခုတ်ဖြတ်ခဲ့သော်လည်း ဦးခေါင်းပြတ်လျက်ရှိ သောကြက်သည် အစာလိုက်ရှာဟန်ပုံစံမျိုး ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရသည်။ ယင်းကြက်သည် ၁၈ လ ကြာမြင့်သည်အထိ အသက်ရှင်ခဲ့ကြောင်းသိရှိရသည်။ အကယ်၍သာ သင်သည်အဆိုပါ ဦးနှောက် ဆဲလ်ပြန်လည်မွေးဖွားခြင်း နည်းပညာဖြင့် ဦးနှောက်သေဆုံးလျက်ရှိသော လူနာတစ်ယောက်အား ကုစားခဲ့မည်ဆိုလျှင် ဖုတ်ကောင် ကဲ့သို့အသိစိတ်ကင်းမဲ့၍ အတွေးအခေါ်မရှိတရွတ်ဆွဲနေသည့် ကိုယ်ခန္ဓာကိုပိုင်ဆိုင်သောသူတစ်ဦး ဖြစ်ပေါ် လာမည်ဖြစ်သည်။
ယင်းအကြောင်းအရာမှတစ်ဆင့် Zombie Apocalypse ဖြစ်ပေါ်ခဲ့လျှင်
          ကမ္ဘာတစ်ဝှမ်းရှိ တရားဥပဒေစနစ်တိုင်းတွင် လူတစ်ဦးသေဆုံးခဲ့လျှင် ယင်း၏အခွင့်အရေးနှင့် 
တာဝန်များအဆုံးသတ်သွားမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။ သို့သော် သေဆုံးပြီးသောသူများ၏ 
ဦးနှောက်ဆဲလ်များအား ပြန်လည်အသက်သွင်း၍ စိတ်ခံစားမှုကင်းမဲ့သည့်သူများအဖြစ် ထွက်ပေါ်လာလျှင် 
အဆိုပါသူများသည် အမိန့်ကိုအလုံးစုံလိုက်နာကာ အစေခံလုပ်သားများအဖြစ် များစွာအသုံးဝင် နိုင်မည်ဟု 
ကျွမ်းကျင်ပညာရှင်များကခန့်မှန်းထားသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်လွှား၌ ဦးနှောက် 
ပြန်လည်ရှင်သန်ခြင်း သုတေသနများအား အများအပြားပြုလုပ်လျက်ရှိသည်။ မကြာမီအချိန်အတွင်း တွင် 
မြောက်ကိုရီးယားနိုင်ငံသည် ဖုတ်ကောင်အလုပ်သမားများနှင့် နိုင်ငံ၏စီမံကိန်းများအား အကောင် 
အထည်ဖော်မည်ဆိုလျှင် အံသြစရာဖြစ်လာမည်မဟုတ်ပေ။

အကြောင်းပြချက် (၃)


(၃) ရောဂါဖြစ်ပွားမှုပြင်းထန်သော ဗိုင်းရပ်စ်ပိုးများ (The Real Rage Virus)
အကြောင်းအရာ
          ဗိုင်းရပ်စ်ပိုးကြောင့် လူသားများသည် ခံစားမှုကင်းမဲ့သော လူသတ်သတ္တ၀ါများအဖြစ်သို့ ရောက်ရှိ သွားပုံကို ဖုတ်ကောင်ရုပ်ရှင်များတွင် ရိုက်ကူးလေ့ရှိသည်။ လက်တွေ့လောကတွင်လည်း ဦးနှောက် မူမမှန်ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးများ အများအပြားရှိသည်။ သို့သော်ယင်းဗိုင်းရပ်စ်ပိုးများသည် တစ်ဦးမှ တစ်ဦးသို့ အလွယ်တူကူးစက်နိုင်ခြင်း မရှိပေ။ လွန်ခဲ့သောဆယ်စုနှစ် (၂၀၀၀ ပြည့်နှစ်) ခန့်က ဖြစ်ပွားခဲ့ သည့် နွားရူးရောဂါ (Mad Cow Disease) သည် ဦးနှောက်ပိုင်းဆိုင်ရာ မူမမှန်ဖြစ်စေပြီး ကူးစက်တတ် သောဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဗိုင်းရပ်စ်ပိုးသည် နွား၏ အာရုံ ကြောမကြီး (Spinal Cord) နှင့် ဦးနှောက်တို့အားတိုက်ခိုက်၍ နွားအားဒယိမ်းဒယိုင်ဖြစ်စေပြီး စိတ်ခံစားမှုကင်းမဲ့စေသည်။ နွားရူးရောဂါပိုးရှိသောအမဲသားအား လူသားတို့စားသုံး၍ အဆိုပါရောဂါပိုး ကူးစက်ခဲ့လျှင်…..?
ယင်းအကြောင်းအရာမှတစ်ဆင့် ဖုတ်ကောင်ဖြစ်ပေါ်ခဲ့လျှင်
          Creutzfeldt-Jakob disease ဟု အမည်ရသော နွားရူးရောဂါပိုး လူသားသို့ ကူးစက်ခံရပါက ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများကို အောက်တွင် ဖော်ပြထားသည်-
          (၁) လမ်းလျှောက်သော ပုံစံပြောင်းလဲသွားခြင်း၊
          (၂) စိတ်ချောက်ချား၍ ထင်ယောင်ထင်မှားဖြစ်ခြင်း၊
          (၃) ခန္ဓာကိုယ်လှုပ်ရှားမှုအမျိုးမျိုးအား ဟန်ချက်ညီစေရန် ထိန်းချုပ်နိုင်မှု လျော့နည်းသွားခြင်း၊
          (၄) ကြွက်သားများ ဆန့်တငင်ငင်ဖြစ်၍ ရှုံတွခြင်း၊
          (၅) ၀က်ရူးပြန်သကဲ့သို့ တဆတ်ဆတ်အကြောဆွဲခြင်း၊
          (၆) စိတ်ဖောက်ပြန်မှုဖြစ်ပေါ်ခြင်း။
          အဆိုပါရောဂါသည် ဖြစ်တောင့်ဖြစ်ခဲ ရှားရှားပါးပါး ဖြစ်တတ်သော ရောဂါဖြစ်သည်။ သို့သော် သင်ထင်မှတ်ထားသကဲ့သို့ မဖြစ်နိုင်ဟုယူဆ၍မရပေ။ ယင်းဗိုင်းရပ်စ်ပိုး၏ မူကွဲများဖြစ်သော ကူးစက်မှုနှုန်း ပြင်းထန်သည့် ရောဂါပိုးများလည်း ပေါ်ပေါက်လာနိုင်သည်။
ယင်းအကြောင်းအရာမှတစ်ဆင့် Zombie Apocalypse ဖြစ်ပေါ်ခဲ့လျှင်
          ကျွန်တော်တို့၏ ဦးနှောက်အတွင်းတွင် Serotonin ဟု အမည်ရသော စိတ်ခံစားမှုကို ဖြစ်ပေါ် 

စေသည့် ဟော်မုန်းတစ်မျိုးရှိသည်။ ယင်းဟော်မုန်းအား Neurotransmitter ဟူ၍ လည်းခေါ်ဆိုသည်။ 

အဆိုပါဟော်မုန်းချို့တဲ့ပါက စိတ်ကျရောဂါဖြစ်ပေါ်စေပြီး ဦးနှောက်အတွင်းမှ လုံးဝပျောက်ကွယ်သွား ပါက 

အသိစိတ်ကင်းမဲ့မှုကို ဖြစ်ပေါ်စေသည်။ နွားရူးရောဂါဖြစ်ပေါ်စေသော ဗိုင်းရပ်စ်ပိုး (The Real Rage 

Virus) သည် အဆိုပါဟောမုန်းဓာတ်အား စုပ်ယူနိုင်ကြောင်း တွေ့ရှိရသည်။ ကြွက်များ၏ 

ဦးနှောက်အတွင်းသို့ ဗိုင်းရပ်စ်ပိုးထိုးသွင်းပြီးနောက် လှောင်အိမ်အတွင်း အတူတကွထည့်သွင်းထား ပါက 

တစ်ကောင်နှင့်တစ်ကောင် သေသည်အထိ အပြင်းအထန် တိုက်ခိုက်ကြကြောင်း စမ်းသပ် တွေ့ရှိရသည်။ 

ထို့ကြောင့် အဆိုပါနွားရူးရောဂါပိုးသည် အဆင့်ဆင့်ပြောင်းလဲခြင်းသီအိုရီ (The Evolution Theory) 

အရပြောင်းလဲ၍ ကူးစက်မှုပြင်းထန်သော နွားရူးရောဂါပိုးအသစ်များ (ဥပမာ - Super Mad Cow နှင့် 

Maddre Cow) ပေါ်ပေါက်လာခဲ့ပါက ရောဂါကူးစက်ပုံသည်လည်း ပြောင်းလဲ သွားမည်ဖြစ်သည်။ 

ရောဂါပိုးသည် သွေးချင်းထိတွေ့ပေါင်းစပ်၍ဖြစ်စေ၊ ခံတွင်းမှထွက်သော အရည် များနှင့် သွေးတို့ 

ထိတွေ့ပေါင်းစပ်၍ ဖြစ်စေ ကူးစက်မှုဖြစ်ပေါ်လာနိုင်မည်။ ထိုကဲ့သို့ ဖြစ်ပေါ်လာခဲ့လျှင် အကိုက်ခံရပါက 

ရောဂါပိုးကူးစက်မည် ဖြစ်သည်။ ဖုတ်ကောင်ရုပ်ရှင်များတွင် မြင်တွေ့ရသည့်အတိုင်း 

တစ်ချက်အကိုက်ခံရပါက ဖုတ်ကောင်ဘ၀သို့ ရောက်ရှိသွားနိုင်မည် ဖြစ်သည်။

အကြောင်းပြချက် (၂)


(၂) အာရုံကြောဆိုင်ရာ အဆိပ်များ (Neurotoxins)
အကြောင်းအရာ
          ဂျပန်ငါးပူတင်းတစ်မျိုးဖြစ်သည့် fugu ငါး၏ အဆိပ်သည် လူ၏ခန္ဓာကိုယ်အတွင်း ပျံ့နှံ့ခြင်းဖြစ်ပေါ်ခဲ့လျှင် ခန္ဓာကိုယ်အတွင်းရှိ လုပ်ငန်းဆောင်တာများနှေးကွေးလာ၍ သေဆုံးပြီဟု ဆိုနိုင် သော အခြေအနေသို့ ရောက်ရှိ သွားမည်ဖြစ်သည်။ Datura Stramonium (ဓာတုဗေဒအမည် Alkaloids) ဟုခေါ်သောဆေးဝါးများအား အလွန်အကျွံတိုက်ကျွေးခံရသောလူသည် သေဆုံးခြင်းအဆင့်သို့ ရောက်ရှိ သွားပြီး ပြန်လည်ရှင်သန်နိုင်ကြောင်းသိရှိရသည်။ သို့သော် ပြန်လည်ရှင်သန်လာသောလူသည် မှတ်ဥာဏ် ကင်းမဲ့၍ငေးငိုင်မှင်သက်လျက်ရှိပြီး ခန္ဓာကိုယ်၏ရိုးရှင်းသောလုပ်ငန်းစဉ်များဖြစ်သည့် စားခြင်း၊ အိပ်ခြင်း၊ ညည်းတွားခြင်းနှင့် လက်မောင်းနှစ်ဖက်အား ဆန့်တန်း၍ တရွက်ဆွဲ သွားလာခြင်းများကိုသာ ပြုလုပ်နိုင် မည် ဖြစ်သည်။
ယင်းအခြေအနေမှတစ်ဆင့် ဖုတ်ကောင်ဖြစ်ပေါ်ခဲ့လျှင်
          အဆိုပါဖြစ်ရပ်များသည် zombie ဟူသော ဝေါဟာရစတင်ဖြစ်ပေါ်ခဲ့သည့် ဟေတီနိုင်ငံတွင် အမှန်တကယ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအကြောင်းအရာများနှင့် ပတ်သက်၍ စာအုပ်အများအပြား ထွက်ရှိခဲ့သည့် အနက် ဒေါက်တာWade Davis ရေးသားသည့် Passage of Darkness စာအုပ်နှင့် The Serpent and the Rainbow စာအုပ်တို့သည် ထင်ရှားကျော်ကြားသည်။
          The Serpent and the Rainbow ရုပ်ရှင်ကားသည် ၄င်းအမှန်တကယ် စမ်းသပ်ခဲ့သော သိပ္ပံတွေ့ရှိချက်များကို အခြေခံထားခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် Clairvius Narcisse ဟုခေါ်ဆိုသော ဟေတီနိုင်ငံသားတစ်ယောက်အား ဆရာဝန် ၂ ဦးက သေဆုံးကြောင်း အတည်ပြုခဲ့ပြီး မြေမြှုပ် သင်္ဂြိုဟ် ခဲ့သည်။ သို့သော် ၁၈ နှစ်အကြာ ၁၉၈၀ ခုနှစ်တွင် သူနေထိုင်သော ရွာအနီးတစ်ဝိုက်တွင် လှည့်လည်သွားလာနေကြောင်း တွေ့ရှိမှတ်တမ်းတင်ခဲ့သည်။ ကြားသိရသောသတင်းများအရ ဒေသခံ Voodoo မှော်ဆရာများသည် သေဆုံးသွားသောလူများအား ဓာတုဗေဒဆေးဝါးများဖြင့် ပြန်လည် အသက်သွင်းလျက် ကြံစိုက်ခင်းများတွင် အလုပ်သမား အဖြစ် ခိုင်းစေလျက်ရှိသည်ဟု သိရှိရသည်။ ထို့ကြောင့် သင်၏ ကော်ဖီအတွင်းသို့ သကြားထည့်မည်ဆိုလျှင် အဆိုပါသကြားများကို ဖုတ်ကောင်များက တစ်ချိန်ချိန်တွင် ကိုင်တွယ်ခဲ့ကြောင်း သတိတရ ရှိပါစေ။
ယင်းအကြောင်းအရာမှတစ်ဆင့် Zombie Apocalypse ဖြစ်ပေါ်ခဲ့လျှင်
         အကယ်၍သာ စိတ်ယုတ်မာများ ပြည့်နှက်လျက်ရှိသည့် ဥာဏ်ကြီးရှင်တစ်ယောက်က အဆိုပါ 

Alkaloids အဆိပ်များအား လူနေထူထပ်ရာနေရာများတွင် ပျံ့နှံ့စေရန် ပြုလုပ်ခဲ့လျှင် တရွက်ဆွဲသွားလာ 

လျက်ရှိသော အသိစိတ်ကင်းမဲ့နေသည့် လူအုပ်ကြီးများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ သို့သော် 

အဆိုပါ ဖုတ်ကောင်များသည် ရန်လိုခြင်းနှင့် အသားစားခြင်းစသည့် အဖျက်အမှောင့် လုပ်ငန်းများကိုမူ 

ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပေ။

Monday, March 19, 2012

အကြောင်းပြချက် (၁)


(၁) ဦးနှောက်ကပ်ပါးပိုး (Toxoplasmosa Gondii)
          အကြောင်းအရာ
          Toxoplasmosa Gondii ဟု အမည်ရသော ကပ်ပါးပိုးသည် ကူးစက်ခံရသူအား စိတ်ခံစားမှု ကင်းမဲ့စေ၍ မိမိကိုယ်ကို မည်သူမည်ဝါဟု မသိရှိပဲ ဖုတ်ကောင်ကဲ့သို့ဖြစ်စေနိုင်သော သဘာဝရှိသည်။ အဆိုပါကပ်ပါးပိုးသည် ကြွက်များကိုကူးစက်နိုင်သော်လည်း ကြောင်၏ကိုယ်တွင်းအင်္ဂါဖြစ်သော အူအတွင်းသို့ရောက်ရှိမှသာ မျိုးပွားနိုင်သည်။ ကြွက်၏ခန္ဓာကိုယ်တွင် တွယ်ကပ်နေသော ကပ်ပါးပိုး သည် ယင်းကြွက်အနေဖြင့် ကြောင်၏၀မ်းဗိုက်အတွင်းသို့ရောက်ရှိမှသာ ၄င်းမျိုးပွားနိုင်မည်ကို သိရှိသောကြောင့် ကြွက်၏ဦးနှောက်အတွင်းသို့ စတင်ကူးစက်သည်။ ထို့နောက် ရောဂါကူးစက် ခံရသောကြွက်သည် ကြောင်ရှိရာသို့ရည်ရွယ်ချက်ရှိရှိ ပြေးလာသည်။ ရောဂါကူးစက်ခံရသောကြွက် သည် ကိုယ်တိုင်အသိစိတ်မရှိပဲ အစားခံရန်အတွက် ကြောင်ဆီသို့ပြေးလာခြင်းဖြစ်သည်။
ယင်းအခြေအနေမှတစ်ဆင့် ဖုတ်ကောင်ဖြစ်ပေါ်ခဲ့လျှင်
          ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေတစ်ဝက်အား အဆိုပါ Toxoplasmosa ကပ်ပါးပိုး ကူးစက်ခံခဲ့ရပါက ရောဂါကူးစက်ခံရသောလူများသည် အသိစိတ်ကင်းကွာ၍ ဆောက်တည်ရာမရဖြစ်ပြီး ရူးသွပ်မိုက်မဲစွာ သောင်းကျန်းမည်ဖြစ်သည်။
ယင်းအကြောင်းအရာမှတစ်ဆင့် Zombie Apocalypse ဖြစ်ပေါ်ခဲ့လျှင်
          ကျွန်တော်တို့အသုံးပြုမည့် ဆေးဝါးများအား ကြွက်များဖြင့် ကြိုတင်စမ်းသပ်လျက်ရှိသော ကြောင့် လူသားနှင့် ကြွက်တို့ကိုယ်တွင်းအင်္ဂါဖွဲ့စည်းပုံများစွာ မကွာခြားကြောင်းကို ကောက်ချက်ချနိုင် သည်။ အကယ်၍ Toxoplasmosa ကပ်ပါးပိုးသည် အဆင့်ဆင့်ပြောင်းလဲ၍ လူများ ထံသို့ ကူးစက်မည်ဟု စဉ်းစားကြည့်ပါစို့။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းမရှိသော၊ စဉ်းစားချင့်ချိန်နိုင်မှု မရှိသော လူများအား မည်သို့နှိမ်နင်းမည်နည်း?
          အဆိုပါကပ်ပါးပိုးသည် သဘာဝအတိုင်း အဆင့်ဆင့်ပြောင်းလဲခြင်းမရှိပဲ လူသားတို့စမ်းသပ်မှု ကြောင့်လည်း ဖြစ်ပေါ်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကပ်ပါးပိုးများအား ဇီဝလက်နက်အဖြစ် အသုံးပြုရန် သုတေသနလုပ်ငန်းများ ကမ္ဘာအနှံပြုလုပ်နေကြသောကြောင့် ဖြစ်သည်။ ယင်းလုပ်ငန်း တွင် လုပ်ကိုင်နေသော ၀န်ထမ်းများမှတစ်ဆင့် ကပ်ပါးပိုးများ မပျံ့နှံ့နိုင်ပါဟု မည်သူမျှ အာမခံနိုင် မည်မဟုတ်ပေ။
          အဘိဓာန်တွင် ပါဝင်သော Zombie ဟူသော ဝေါဟာရနှင့် အဆိုပါကပ်ပါးပိုးကူးစက်နေသော လူများသည် ကိုက်ညီမှုမရှိဟု သင်ငြင်းကောင်း ငြင်းလိမ့်မည်။ သို့သော် ဆောက်တည်ရာမရဖြစ်ပြီး ညည်းတွားနေသည့် လူအုပ်ကြီးသည် ပြတင်းပေါက်မှတစ်ဆင့် သင့်အားကုတ်ဆွဲနေချိန်တွင် ထိုအနက် အဓိပ္ပါယ်ကွဲပြားနေခြင်းသည် မည်သို့မျှထူးခြားလာမည် မဟုတ်ပေ။

Saturday, March 17, 2012

ဖုတ်ကောင်ဖြစ်ပွားမှုပျံ့နှံ့ခြင်း ဖြစ်နိုင်ခြေရှိကြောင်း သိပ္ပံနည်းကျ အကြောင်းပြချက် ၅ ခု


ဖုတ်ကောင်ဖြစ်ပွားမှုပျံ့နှံ့ခြင်း ဖြစ်နိုင်ခြေရှိကြောင်း သိပ္ပံနည်းကျ အကြောင်းပြချက် ၅ခု
          ဖုတ်ကောင်များအမှန်တကယ် ရှိ/မရှိ နဲ့ ပတ်သက်ပြီး တစ်ချို့က ငြင်းပွားနေကြတယ် လို့ထင်ပါတယ်။ Mail ကနေတစ်ဆင့် လှမ်းမေးကြတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ။ ကျွန်တော်ကတော့ ဖုတ်ကောင်တကယ်ရှိ/မရှိ ဆိုတာထက် ဖုတ်ကောင်ဖြစ်ပွားမှု ပျံ့နှံ့ခြင်း တစ်နည်းအားဖြင့် Zombie Apocalypse ဖြစ်ပေါ်လာရင် ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ သိထားပြီး အဆင့်သင့်ဖြစ်နေစေချင်တာပါပဲ။ အဲဒါမှ ကပ်ဆိုးကြီးကြုံလာတဲ့အခါ အသက်ရှင်သန် ကျန်ရစ် မှာ ဖြစ်ပါတယ်။ အပေါ်မှာရေးထားတဲ့ ခေါင်းစဉ်ကတော့ ဖုတ်ကောင်ဖြစ်ပွားမှုပျံ့နှံ့ခြင်း ဖြစ်နိုင်တဲ့ အကြောင်းအရာများကို သိပ္ပံနည်းကျ လေ့လာထားပြီး ဖြစ်နိုင်ခြေ အကြောင်းပြချက် ၅ ခုကို ဖော်ပြထား တာဖြစ်ပါတယ်။ ဖုတ်ကောင်များ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ကြောင်းကို သိပ္ပံ စမ်းသပ်ချက်တွေနဲ့ အခိုင်အမာရှင်းပြထားပါတယ်။ ကျွန်တော်တို့ သိရှိထားသင့်တဲ့ အကြောင်းအရာ များဖြစ်တဲ့အတွက်ကြောင့် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။
          ကျွန်တော်တို့ လူသားတွေမှာ အကြောက်တရားတွေ အမြဲဖုံးလွှမ်းလျက်ရှိပါတယ်။ ဥပမာအနေနဲ့ ကလေးတစ်ယောက်ကို သချုင်္ီင်းကုန်းအတွင်း ညဘက်၌ တစ်ယောက်ထဲထားခဲ့ပါက ကြောက်စိတ်များ အလိုလို ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီကလေးကို ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ သေနတ်ပေးထား ရင်တောင် ကြောက်စိတ် ဆိုတာဖြစ်လာမှာပါ။ အဲဒါက လူတွေရဲ့ ဗီဇမှာပါလာတဲ့ ကြောက်စိတ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုအတွင်း အထူးသဖြင့် ဘာသာရေးကစလို့ ရုပ်ပြစာအုပ်အဆုံး ဖုတ်ကောင်များနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အများအပြားရှိပါတယ်။ အဲဒီ ဖုတ်ကောင်တွေဟာ တကယ်ဖြစ်ပေါ်နိုင်လား၊ လူတွေကိုကြောက်ရွံ့ထိတ်လန့်စေဖို့ တမင်ဖန်တီး ပြောဆိုတာတွေလားဆိုတာကို ယနေ့တိုင် လူတွေငြင်းခုန်နေကြတုန်းပါပဲ။ စာဖတ်သူကော ဖုတ်ကောင်တွေ တကယ်ဖြစ်ပေါ်လာ နိုင်တယ်လို့ ယုံပါသလား။ ကျွန်တော်ဆက်လက်တင်ပြမယ့် အကြောင်းအရာများကို ဖတ်ကြည့်လိုက်ပါ ခင်ဗျာ။ ဖုတ်ကောင်တွေ ဖြစ်ပေါ်လာနိုင်တဲ့ သိပ္ပံနည်းကျ အကြောင်းပြချက် ၅ ခု ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-
(၁) ဦးနှောက်ကပ်ပါးပိုး (Brain Parasite - Toxoplasmosa Gondii)
(၂) အာရုံကြောဆိုင်ရာ အဆိပ်များ (Neurotoxins)
(၃) ရောဂါဖြစ်ပွားမှုပြင်းထန်သော ဗိုင်းရပ်စ်ပိုးများ (The Real Rage Virus)
(၄) အာရုံကြောဆိုင်ရာ cell များ အသစ်ပြန်လည် ဖြစ်ပေါ်လာခြင်း (Neurogenesis)
(၅) ကိုယ်အင်္ဂါအတွင်းရှိ အလွန်သေးငယ်သော စက်ရုပ်များ (Nanobots)

Monday, March 12, 2012

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဖုတ်ကောင်ရုပ်ရှင်များ


စဉ်
ဇာတ်ကားအမည်
စုစုပေါင်းဝင်ငွေ (အမေရိကန်ဒေါ်လာ)
အမျိုးအစား
၁။
Zombieland
၇၅ သန်း
ထိတ်လန့်သည်းဖို
၂။
Dawn of the Dead
၅၉ သန်း
ထိတ်လန့်သည်းဖို
၃။
Death Becomes Her
၅၈ သန်း
ဟာသ
၎။
Pet Cemetery
၅၇ သန်း
ထိတ်လန့်သည်းဖို
၅။
Resident Evil: Apocalypse
၅၁ သန်း
ထိတ်လန့်သည်းဖို
၆။
Resident Evil: Extinction
၅၀ သန်း
ထိတ်လန့်သည်းဖို
၇။
28 Days Later
၄၅ သန်း
ထိတ်လန့်သည်းဖို
၈။
Resident Evil
၄၀သန်း
ထိတ်လန့်သည်းဖို
၉။
28 Weeks Later
၂၈ သန်း
ထိတ်လန့်သည်းဖို
၁၀။
Creepshow
၂၁ သန်း
ထိတ်လန့်သည်းဖို
၁၁။
Land of the Dead
၂၀ သန်း
ထိတ်လန့်သည်းဖို
၁၂။
The Serpent and the Rainbow
၁၉ သန်း
ထိတ်လန့်သည်းဖို
၁၃။
Pet Cemetery II
၁၇ သန်း
ထိတ်လန့်သည်းဖို
၁၄။
Night of the Comet
၁၄.၄ သန်း
ဟာသ
၁၅။
Return of the Living Dead
၁၄.၂ သန်း
ဟာသ
၁၆။
Prince of Darkness
၁၄.၁ သန်း
ထိတ်လန့်သည်းဖို
၁၇။
Shaun of the Dead
၁၃ သန်း
ဟာသ
၁၈။
Lifeforce
၁၁.၆ သန်း
ထိတ်လန့်သည်းဖို
၁၉။
Army of Darkness
၁၁.၅ သန်း
ဟာသ
၂၀။
House of the Dead
၁၀ သန်း
ထိတ်လန့်သည်းဖို
၂၁။
Return of the Living Dead 2
၉ သန်း
ဟာသ
၂၂။
Evil Dead 2
၅.၉ သန်း
ထိတ်လန့်သည်းဖို
၂၃။
Night of the Living Dead
၅.၈ သန်း
ထိတ်လန့်သည်းဖို
၂၄။
Day of the Dead
၅ သန်း
ထိတ်လန့်သည်းဖို
၂၅။
Idle Hands
၎ သန်း
ဟာသ
၂၆။
Dead Heat
၃.၅ သန်း
ဟာသ
၂၇။
My Boyfriend’s Back
၃.၃ သန်း
ဟာသ
၂၈။
The Evil Dead
၂.၄ သန်း
ထိတ်လန့်သည်းဖို
၂၉။
Re-Animator
၂ သန်း
ဟာသ
၃၀။
Diary of the Dead
၉ သိန်း
ထိတ်လန့်သည်းဖို
၃၁။
Night of the Creeps
၆ သိန်း
ဟာသ
၃၂။
Fido
၃ သိန်း
ဟာသ
၃၃။
Night of the Living Dead 3D
၂.၇ သိန်း
ထိတ်လန့်သည်းဖို
၃၄။
Cemetery Man
၂.၅ သိန်း
ဟာသ
၃၅။
Dead Alive
၂.၄ သိန်း
ဟာသ