Friday, March 9, 2012
Thursday, March 8, 2012
The Walking Dead Webisode-1
၂၀၁၂
ခုနှစ်တွင် အောင်မြင်ကျော်ကြားလျက်ရှိသော Walking Dead တီဗီစီးရီး၏ အပိုင်း (၁) မစတင်မီ
ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်အချို့အား ဖော်ပြထားသည့် ဇာတ်လမ်းအပိုင်းများဖြစ်ပါသည်။ အဆိုပါဇာတ်လမ်းအပိုင်းများသည်
မူရင်းဇာတ်ကားတွင်မပါဝင်ဘဲ အင်တာနက်စာမျက်နှာများတွင်သာ သီးခြားဖော်ပြထားသည့် ဇာတ်လမ်းများဖြစ်ပါသည်။
ဇာတ်လမ်းတွင် ဖုတ်ကောင်ဖြစ်ပွားမှု ပျံ့နှံ့ချိန်အစောပိုင်းတွင် ကားအက်စီးဒင့် ဖြစ်ပေါ်ပြီး
သတိလစ်မေ့မျောနေသည့် အမျိုးသမီးတစ်ဦး၏ ပျောက်ဆုံးသွားသော ၄င်း၏သမီးအား ပြန်လည်ရှာဖွေချိန်မှစတင်သည်။
ကွာရှင်းခဲ့ပြီးသော သူမ၏ယောက်ကျားနေအိမ်တွင် သမီးအားပြန်လည်တွေ့ရှိခဲ့ပြီး ဖုတ်ကောင်များလက်မှ
လွတ်မြောက်ရန် ကြိုးပမ်းပုံကိုရိုက်ကူးထားသော ဇာတ်လမ်းတိုဖြစ်သည်။ နောက်ဆုံးတွင် သူမ၏ကလေးနှစ်ယောက်အား
ကယ်တင်ရန်သူမကိုယ်တိုင် ဖုတ်ကောင်များလက်၌ စတေးခံခဲ့ရပုံကို ရိုက်ကူးဖော်ပြထားသည်။
ယင်းဇာတ်လမ်းတိုများအား အင်တာနက်မှတစ်ဆင့် ဖြန့်ဝေသည့်အတွက် ကြောင့် Webisode ဟု ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
Monday, March 5, 2012
The Walking Dead
The Walking Dead တီဗီစီးရီးတွင် ပါဝင်သော အဓိကဇာတ်ဆောင်များ
အပိုင်း(၁)
The
Walking Dead တီဗီစီးရီးတွင် အဓိကဇာတ်ဆောင် ၁၂ ဦးပါရှိပြီး တစ်ဦးချင်းစီ၏ အကြောင်းများကို
ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် ၁၂ ဦး၏ နာမည်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-
(၁) Rick
Grimes
(၂) Lori
Grimes
(၃) Shane
Walsh
(၄) Andrea
(၅) Dale
(၆) Glenn
(၇) Carl
Grimes
(၈) Daryl
Dixon
(၉) T-Dog
(၁၀) Carol
Peletier
(၁၁) Sophia
Peletier
(၁၂) Amy
Rick Grimes
အဓိကဇာတ်ဆောင်ဖြစ်သော
Rick Grimes သည် မြို့ငယ်လေးတစ်ခု၏ လက်ထောက် ရဲအရာရှိတစ်ဦးဖြစ်ပြီး တာဝန်ထမ်းဆောင်ချိန်တွင်
ဒဏ်ရာရရှိခဲ့၍ သတိလစ်မေ့မျောကာ ဆေးရုံတက်ခဲ့ရသည်။ ဖုတ်ကောင်ဖြစ်ပွားမှုများ ပျံ့နှံ့ချိန်တွင်
ပြန်လည်နိုးထလာခဲ့ပြီး မိန်းမဖြစ်သူ Lori Grimes နှင့် သားဖြစ်သူ Carl Grimes တို့အား
လိုက်ရှာနေသူဖြစ်သည်။
Rick
သည် လိမ္မာပါးနပ်၍ တည်ငြိမ်သော သာမန်လူတစ်ဦးဖြစ်ပြီး သူငယ်ချင်းကောင်းနှင့် ဖခင်ကောင်း
တစ်ဦးလည်းဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် ၎င်း၏ ပုဂ္ဂလပိုင်းဆိုင်ရာ လူကျင့်ဝတ်သဘောထားကို
တင်းတင်းမာမာ ဆွဲကိုင်ထားသူဖြစ်သည်။ တစ်ခါတွင် Daryl Dixon သည် ရောဂါကူးစက်ခံနေရသော
လူတစ်ဦးအား သေနတ်နှင့် ပစ်ရန်ချိန်ထားစဉ်တွင် Rick က “ငါတို့ အသက်ရှင်နေသူတွေကို မသတ်ဘူး”
ဟု အပြင်းအထန်ငြင်းဆိုခဲ့သည်။
Rick
သည် Shane Walsh နှင့် သူငယ်ချင်းဖြစ်သည့်အပြင် ကာလကြာရှည်စွာ တွဲဖက် အလုပ်လုပ်ခဲ့သူဖြစ်သောကြောင့်
တစ်ဦးနှင့် တစ်ဦးခင်မင်ယုံကြည်မှု အပြည့်အ၀ရှိသည်။ Rick သည် သတိလစ်မေ့မျောနေစဉ်အတွင်း
သူ၏ မိသားစုအား ကြည့်ရှုစောင့်ရှောက်ပေးခဲ့သော Shane အား အလွန် ကျေးဇူးတင်လျက်ရှိသည်။
သို့သော် ၄င်း၏ မိန်းမ Lori သည် Shane နှင့် အတူတူ အိပ်ခဲ့ကြောင်း သတိမထား မိပေ။
Rick
သည် ပင်ကိုယ်ဗီဇအနေဖြင့် ခေါင်းဆောင်စိတ်ပါရှိသူဖြစ်သည်။ ထိုအချက်ကြောင့် သူမရောက်ခင်
အဖွဲ့ခေါင်းဆောင်ဖြစ်သော Shane နှင့် ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်လာသည်။ အဆိုပါ သဘောထား
ကွဲလွဲမှုသည် သူတို့ စခန်းချသောနေရာသို့ ဖုတ်ကောင်တစ်ကောင် ၀င်ရောက်တိုက်ခိုက်ခြင်းမှ
အစပြုခဲ့သည်။ အတ္တလန္တာမြို့အတွင်း ၀င်ရောက်၍ Rick ၏ လက်နက်အိတ်အား ပြန်သွားယူစဉ် လူတစ်ယောက်
အား ထားခဲ့ခြင်းနှင့် စခန်းတွင် Rick မရှိသည့်အတွက်ကြောင့် Shane က Rick အား အပြစ်တင်ပြောကြားခဲ့သည်။
ထို့ပြင် Rick သည် အတ္တလန္တာမြို့အတွင်းရှိ Center of Disease Control (CDC) သို့ အဖွဲ့လိုက်သွားလို
သော်လည်း Shane က မိုင် ၁၀၀ အကွာအဝေးရှိ စစ်တပ်အခြေစိုက်စခန်းသို့ သွားရောက် လျှင်
ပိုမို လုံခြုံသည် ဟု အကြောင်းပြခဲ့သည်။
နောက်ဆုံးတွင်
အဖွဲ့သည် Rick အကြံပြုချက်ကို လက်ခံခဲ့သည်။ CDC တွင် ထူးဆန်းသော ဒေါက်တာ Edwin
Jenner နှင့် တွေ့ဆုံသည်။ ဒေါက်တာက သူသည် CDC တွင် နောက်ဆုံးအသက်ရှင် ကျန်နေရစ်သူ ဖြစ်ပြီး
ဖုတ်ကောင်ဖြစ်ပွားသော ရောဂါပိုးနှင့် ပတ်သက်၍ ကုသခြင်းနည်းလမ်း တစ်စုံတစ်ရာ မရှိကြောင်း
ပြောပြခဲ့သည်။ ထို့နောက် CDC အဆောက်အအုံသည် ပါဝါကုန်ခမ်းသွားသောကြောင့် မကြာမီဖောက်ခွဲ
ဖျက်ဆီးတော့မည်ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။ ပေါက်ကွဲမှုမဖြစ်ပေါ်ခင် ဒေါက်တာ
Jenner (အပြင်သို့ မလိုက်ဘဲ ပေါက်ကွဲရာတွင် နေရစ်ခဲ့သူ) က Rick ကို လက်ဆွဲနှုတ်ဆက်၍
တစ်စုံတစ်ခုအား တီးတိုး ပြောကြား ခဲ့သည်။
Lori Grimes
သူမ၏
ယောင်္ကျားဖြစ်သော Rick သေဆုံးခဲ့ပြီဟု ယုံကြည်သော Lori သည် သားဖြစ်သူ Carl Grimes အား
ခေါ်ဆောင်ပြီး ယောင်္ကျား၏ သူငယ်ချင်းဖြစ်သူ Shane နှင့် အတ္တလန္တာမြို့သို့ ထွက်ပြေးခဲ့သည်။
မကြာမီအချိန်အတွင်းတွင် Shane နှင့် Lori တို့၏ အချစ်ဇာတ်လမ်းဖြစ်ပေါ်ခဲ့ပြီး Rick ပြန်ရောက်လာသော
အချိန်တွင် Lori က ယင်းဇာတ်လမ်းအား အဆုံးသတ်ခဲ့သည်။ ထို့ပြင် သူမယောင်္ကျားအား သေဆုံးပြီဟု
ပြောဆိုခဲ့သော Shane အား ဒေါသ အမြက်ခြောင်းခြောင်းထွက်၍ သူမနှင့် မိသားစုအနားမှ ဖယ်ခွာရန်
သတိပေးခဲ့သည်။
Lori
သည် သူမ၏ သားအား အန္တရာယ်ကင်းစေရန် ထင်ရာစိုင်း၍ လွန်လွန်ကြူးကြူး ကာကွယ်တတ်သော အမေတစ်ယောက်ဖြစ်သည်။
ထို့ပြင် အသက်ရှင်ကျန်ရစ်နေသူအုပ်စု၏ စိတ်ခံစားမှုနှင့်သက်ဆိုင်သည့် ပင်မမဏ္ဍိုင်လည်းဖြစ်သည်။
အုပ်စုအတွင်း လူမှုရေးကျင့်ဝတ်များ၊ ဘာသာဓလေ့များနှင့် ရိုးရာဓလေ့များအား ထိန်းသိမ်းပေးနေသောသူဖြစ်သည်။
စခန်းချရာနေရာသို့ ဖုတ်ကောင်များ ၀င်ရောက်တိုက်ခိုက်ပြီးချိန်တွင် သေဆုံးသူများ၏ အသုဘအခမ်းအနားပြုလုပ်ရန်
မရမက တောင်ဆိုးခဲ့သည်။ “ငါတို့ ၀မ်းနည်းပူဆွေးဖို့ အချိန်လိုတယ်၊ ပြီးတော့ သေဆုံးတဲ့သူတွေကို
မြုပ်နှံ့ဖို့ လိုအပ်တယ်” ဟု သူမက တောင်းဆိုခဲ့သည်။
Lori
သည် သူမ၏ ဘ၀အား ယောင်္ကျားဖြစ်သူ Rick နှင့်အတူ ကုန်ဆုံးရန် ရည်ရွယ်ထားသော်လည်း
Shane သည် သူမအပေါ်၌ ခံစားချက်များ လေးလေးနက်နက် ရှိနေသေးသည်။ တစ်ညတွင် Shane သည် အရက်မူးအောင်သောက်ပြီး
Lori နှင့် ထိပ်တိုက်ဖြေရှင်းခဲ့သည်။ သူက Rick အမှန်တကယ်သေပြီဟု ထင်ကြောင်း၊ မင်းတို့လည်း
ဒီလိုပဲထင်မည်ဖြစ်ကြောင်း ပြောဆိုပြီးနောက် Lori အား နမ်းရန် ကြိုးစားသည်။ Lori သည်
Shane ၏ မျက်နှာနှင့် လည်ပင်းများကို ကုတ်ခြစ်ခဲ့သည်။
ဖုတ်ကောင်များ
ဝင်ရောက်တိုက်ခိုက်မှုပြီးသည့်နောက် Rick သည် Lori အား ရှာဖွေရာတွင် ငိုကြွေးလျက်ရှိသော
Lori အား တွေ့ရှိရပြီး ပွေ့ဖက်၍ အားပေးစကားများပြောကြားခဲ့သည်။” ငါတို့ ကြောက်ရွံ့စရာတွေ
မရှိတော့ပါဘူး၊ ဒီမှာ လုံခြုံပါတယ်” ဟု ပြောကြားခဲ့သည်။ သို့သော် Lori မည်သည့်အကြောင်းကြောင့်
ဝမ်းပမ်းတစ်နည်းဖြစ်ရကြောင်းကို Rick အနေဖြင့် အမှန်တိုင်း မသိရှိခဲ့ပေ။
အပိုင်း (၂) ဆက်ရန်>>>>>>
နားခိုရာ နေရာ
ည၏မှောင်မည်းမှုသည် ပျက်စီးနေသော အပိုင်းအစများနှင့်
အုတ်ကျိုးအုတ်ပဲ့ များအကြား လူသူကင်းမဲ့နေသည့် မြို့လည်ကောင်အတွင်း သွားလာနေသည့်သူ့ကို
ပိုမိုခက်ခဲစေနေသည်။ မလှမ်း မကမ်းရှိ မီးလောင်နေသောကားတစ်စီးအနီးသို့ သွားရောက်ကာ မီးရောင်ဖြင့်
ပတ်ဝန်းကျင်ကို လေ့လာကြည့်သည်။ မီးရောင်၏ အကူအညီဖြင့် မြို့လည်ခေါင်ပန်းခြံ၏ အခြားတစ်ဖက်တွင်
ကြီးမား သော ဘုရားရှိခိုး ကျောင်းတစ်ခုကို ၀ိုးတ၀ါးမြင်တွေ့ရသည်။ ယခုလိုအချိန်တွင်
မိမိတစ်ယောက် တည်း ဟိုဒီလျှောက်သွားနေမည့်အစား ယင်းဘုရားရှိခိုးကျောင်းအတွင်း ၀င်ရောက်
ပုန်းအောင်း နေခြင်းသည် ပိုမိုလုံခြုံမည်ဟု သူတွေးမိသည်။ သို့ရာတွင် အမှောင်ထုအား ဖြတ်သန်းပြီး
ပန်းခြံ တစ်ဖက်ရှိ ဘုရားရှိခိုးကျောင်းဆီ သွားရမည်ကို အနည်းငယ် ကြောက်ရွံတုန်လှုပ်မိသည်။
ထို့ကြောင့် မိမိ၏စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေရန်ခေတ္တမျှငြိမ်သက်
နေလိုက်သည်။ ကြောက်စိတ်ကိုအတတ်နိုင်ဆုံးလျော့ချထားပြီး ခေါင်းကိုကြည်လင်စွာဖြင့် စဉ်းစားဆုံးဖြတ်နိုင်မှ
ဒီည ကိုအသက်ရှင်လျက်ဖြတ်ကျော်နိုင်မည်ကို သူနားလည်ထား သည်။ အကြောက်လွန်၍ လုပ်မိလုပ်ရာ
ပြုလုပ်မိခြင်းနှင့် ယောက်ယက်ခတ်လှုပ်ရှားခြင်းတို့ကြောင့် သေဆုံးခဲ့သူများကို သူမြင်တွေ့ခဲ့ပြီး
ဖြစ်သည်။ မိမိဘောင်းဘီအိတ်အတွင်းထည့်ထားသော ပစ္စတိုသေနတ်နှင့် ဓာတ်မီးအား စမ်းသပ် ကြည့်လိုက်သည်။
အဆိုပါသေနတ်နှင့် ဓာတ်မီးကြောင့်ပင် သူယခုအချိန်ထိ အသက်ရှင်နေနိုင်ခြင်း ဖြစ်သည်။ လောလောဆယ်အချိန်တွင်
သေနတ်ရော ဓာတ်မီးပါ သိမ်းဆည်းထားသင့်သည်ဟု ထင်သည်။ အဘယ့်ကြောင့်ဆိုသော် သေနတ်သံနှင့်
မီးအလင်းရောင်က သူ့အတွက် အန္တရာယ် ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။
မိနစ်အနည်းငယ်မျှ မိမိစိတ်ကိုငြိမ်သက်အောင်ပြုလုပ်ပြီးနောက်
အမှောင်ထု အတွင်း ပန်းခြံကို စတင်ကျော်ဖြတ်လာခဲ့သည်။ အပျက်အစီးများအပြင် ၀ိုးတ၀ါးအလင်းရောင်သာ
ရှိသောကြောင့် အလျင်အမြန်ပြေးလွှားခြင်းမပြုပဲ အတတ်နိုင်ဆုံးသတိထား၍ တဖြည်းဖြည်း လျှောက်လာခဲ့သည်။
တစ်စုံတစ်ခုကိုထိခိုက်မိ၍ အသံကျယ်လောင်စွာ ထွက်ပေါ်ခဲ့လျှင် တိတ်ဆိတ်နေသော အမှောင်ထု
အတွင်းရှိ မိမိသေမင်းများကို ဖိတ်ခေါ်သလိုဖြစ်မည်ကို သူနားလည် သည်။
သတိကြီးစွာထားပြီး ပန်းခြံကိုဖြတ်ကျော်လာခဲ့ရာ
စေ့ထားသောဘုရား ရှိခိုးကျောင်း၏ တံခါး အနီးသို့ချဉ်းကပ်မိသည်။ ဒီညအဖို့လုံခြုံမှုပေးနိုင်မည့်နေရာ
အနီးသို့ရောက်နေပြီဟူသော အတွေးသည် ကြောက်စိတ်ကိုဖိနှိပ်ပြီး ထိန်းသိမ်းခဲ့ရသောကြောင့်
မောပန်းနေသောစိတ်ကို အတန်ငယ် သက်သာ စေသည်။ စေ့ထားသော တံခါးအနီးသို့သွား၍လေ့လာကြည့်ရာအတွင်းတွင်
အလင်းရောင် အတော် အသင့်ရှိကြောင်းတွေ့ရသည်။ အသံမထွက်စေရန် သတိထားပြီးတံခါးကို အနည်းငယ်ဟ၍
အတွင်း ကိုချောင်းကြည့်လိုက်သည်။
`သူတို့ရှိနေပြန်ပြီ´။ စိတ်ပျက်ခြင်း၊အားငယ်ခြင်း၊
ခိုကိုးရာမဲ့ခြင်းနှင့် ကြောက်ရွံခြင်းများကြောင့် တီးတိုးရွတ်ဆိုလိုက်သော သူ၏အသံသည်
တုန်ရီနေသည်။ အားကိုးရာမဲ့နေချိန်တွင် ကောက်ရိုးမျှင် တစ်ချောင်းအဖြစ် သူထင်မှတ်ထားသော
ဘုရားရှိခိုးကျောင်းသည်လည်း လုံခြံမှုပေးနိုင်ခြင်း မရှိသည် ကိုသိလိုက်ရသည်။ မိမိဘယ်ကိုသွားပြီးဘယ်နေရာတွင်
ပုန်းအောင်းရမည်ကိုပင် မတွေးတော နိုင် အောင် ကြောက်စိတ်ကစိုးမိုးလာသည်။ ဘေးပတ်ဝန်းကျင်ရှိ
အမှောင်ထုအတွင်းရှိ အရာဝတ္တုများ၏ ပုံသဏ္ဍာန်များ အသက်ဝင်လှုပ်ရှားလာသည်ဟု ထင်မှားမိလာသည်။
ပန်းခြံကိုဖြတ်သန်း၍ တိုက်ခတ် လာသော လေညင်း၏အထိအတွေ့ကိုလည်း သေမင်း၏ ရှေ့တော်ပြေးအဖြစ်
ထင်ယောင်နေမိသည်။
ထိုစဉ်ဘုရားကျောင်းအတွင်းမှ တံခါးဆီသို့တရွှေ့ရွှေ့လှမ်းလာသော
အသံကို သူကြားရသည်။ မည်သည့်အရာကိုမျှစဉ်းစားနိုင်ခြင်းမရှိတော့ဘဲ ဘုရားကျောင်း၏ တစ်ဖက်လမ်းကြားအတွင်းသို့
ကြောက်လန့်တကြားထွက်ပြေးခဲ့သည်။ ၀ိုးတ၀ါးသာ မြင်တွေ့ရသော ည၏အလင်းရောင်ကြောင့် လမ်းတစ်လျှောက်လုံးထင်ရာမြင်ရာသို့
သူထွက်ပြေးလာရင်း လမ်းကြား၏အဆုံးသို့ရောက်သောအခါ တစ်ဖက်ပိတ်လမ်းကြား တစ်ခုအတွင်းသို့
ဝင်ပြေးမိကြောင်းသူသိလိုက်ရသည်။ ကယောင်ကတမ်းဖြင့် ပိတ်နေ သောနံရံကို လက်ဖြင့်လေးငါးကြိမ်ခန့်တွန်းနေမိသည်။
ထို့နောက်စိတ်ပျက်စွာဖြင့် နံရံကို ကျောမှီကာ ကြမ်းပြင်သို့ထိုင်ချလိုက်သည်။ ကြောက်ရွံမှုနှင့်
မောပန်းမှုတို့ကြောင့် အလောတကြီး အသက်ရှုသံများနှင့် နှိမ့်ချည်မြင့်ချည်ဖြစ်သော ရင်ဘတ်ကိုလက်ဖြင့်ဖိကာ
အမှောင်ထုအတွင်း မိမိပြေးလာခဲ့သော လမ်းကြားတစ်လျှောက်ကို ကြောက်လန့်တကြား ကြည့်နေမိသည်။
ခါးကြားရှိပစ္စတိုကိုထုတ်ကာ လက်နှစ်ဖက်ဖြင့် တင်းတင်းဆုတ်ကိုင်ထားသည်။ လက်ရှိအချိန်တွင်
မိမိအတွက်အားကိုးရာသည် ပုန်းအောင်းရန်နေရာမဟုတ်တော့။ လက်ထဲရှိပစ္စတိုတစ်လက်နှင့် ကျည်ဆံလေးတောင့်
သာဖြစ်တော့သည်။
ထိုစဉ် ညဉ်းတွားသံများနှင့် တရွတ်တိုက် လမ်းလျှောက်လာသံများကို
သူကြားလိုက်ရသည်။ မိမိပြေးလာစဉ် အပိုင်းအစအကျိုးအပဲ့များနှင့် တိုက်မိ၍ ထွက်ပေါ်လာသောအသံများနှင့်
မိမိခြေသံများကြောင့် သေမင်းများရောက်လာနိုင်သည် ကိုတွေးမိသည်။ ထိုသို့ဖြစ်မလာစေရန်နှင့်
ယခုကြားနေရသော ခပ်ဝေးဝေးမှ ကြားနေရသော အသံများတစ်ဖြည်းဖြည်းဝေးသွားစေရန် ဆုတောင်းနေမိသည်။
မိမိ၏ ဘ၀တစ်လျှောက် ဘုရားထံတွင်တောင်းခဲ့ဖူးသော ဆုအမျိုးမျိုးအနက် ဒီဆုတောင်း လောက်
ပြည့်ဝစေလိုသည့်ဆန္ဒမရှိခဲ့ပါ။ သို့သော် သူဆုတောင်းမပြည့်ခဲ့ပေ။
ကြားနေရသောအသံများနှင့် ခြေသံများသည် တဖြည်းဖြည်းပီသလာပြီး
မိမိရှိရာ လမ်းကြားအတွင်းဝင်လာကြောင်းကို သူသိလိုက်ရသည်။ ကြောက်စိတ်ကြောင့် ရင်ဘတ်သည်
တဒိတ်ဒိတ် ခုန်နေပြီး တစ်ကိုယ်လုံးချွေးများစိုရွဲနေသည်။ တရွှေ့ရွှေ့လာနေသော အသံများအပြင်
တယီးတယိုင် လမ်းလျှောက်လာသော လူရိပ်များကို အမှောင်ထုအတွင်း မပီမသမြင်နေရသည်။ ပစ္စတိုကိုဆုပ်ကိုင် ထားသော
လက်နှစ်ဖက်သည် ချွေးများဖြင့်စေးထန်းနေပြီး တဆတ်ဆတ်တုန် ရီနေသည်။ အမှောင်ထဲတွင် ကျင့်သားရနေသော
သူ၏မျက်လုံးများဖြင့် လူရိပ်များကို စူးစိုက်ကြည့် နေမိသည်။ ရှေ့ဆုံးမှလာနေသော လူရိပ်၏
ပုံသဏ္ဍာန်ကို သူမြင်နိုင်သည်အထိ လူရိပ်တစ်ခုသည် နီးကပ်လာသည်။ လူရိပ်ထံသို့ အထိတ် တလန့်ဖြင့်
ဓာတ်မီးထိုးကြည့်လိုက်သည်။
ထိုသူ၏ မျက်နှာသည်မေးရိုးများပေါ်သည်အထိ ပိန်ကပ်နေပြီး
မျက်ကွင်းများလည်း ချိုင့်ဝင် နေသည်။ မျက်လုံးများကသူ့အားစိုက်ကြည့်နေပြီး ဆာလောင်
နေသည့်ပုံပေါ်နေသည်။ ခန္ဓာကိုယ်တွင် ဒဏ်ရာဖြင့်ပြည့်နေပြီး နံစောင်းတွင် အသားများမရှိတော့ဘဲ
နံရိုးများပေါ်နေသည်ကို တွေ့ရသည်။ နီးကပ်လာသည့် ယင်းဖုတ်ကောင်၏ ရင်ဘတ်ကို သေနတ်ဖြင့်ပစ်ချလိုက်သည်။
ဖုတ်ကောင် သည်နောက်သို့လန်ကျသွားပြီး ပြန်ထရန်အားယူနေသည်။ သေနတ်ဖြင့် နောက်တစ်ချက်
ထပ်မံပစ် လိုက်ရာ ဖုတ်ကောင်၏ ကြုံလှီနေသော လက်မောင်းကိုထိသွားပြီး အသားစများ ဖွာလန်ကြဲသွား
သည်။ လှုပ်ရှားနေသော ဖုတ်ကောင်ကို တတိယမြောက်တစ်ချက် ထပ်မံပစ်လိုက်ရာ ဦးခေါင်းတည့်တည့်ကို
ထိမှန်သွားပြီး ငြိမ်သက်သွားသည်။ ထို့နောက် သေဆုံးသွားသော ဖုတ်ကောင်၏ နောက်ရှိ ရွှေ့လျားလာနေသော
လူရိပ်များရှိရာသို့ သေနတ်ကိုချိန်လိုက်သည်။ သေနတ်သံကြောင့် လမ်းကြားထဲသို့ ၀င်လာသော
လူရိပ်အများအပြားကိုတွေ့လိုက်ရသည်။ လမ်းကြားအပြည့် ၀င်လာသည့် ဖုတ်ကောင် များသည် သားကောင်၏
အနံကြောင့်ပိုမိုဆူညံစွာ ညဉ်းတွားပြီး မိမိအား တစ်စစီစုတ်ဖြဲစားသောက်ရန် အလုအယက် တိုးဝေ့၀င်လာကြသည်။
ကပ်ဆိုးကြီးစတင် ဖြစ်ပေါ်လာသည့်အချိန်မှစ၍
မိမိ၏ မိသားစုနှင့် အပေါင်းအသင်းများကို ဆုံးရှုံးခဲ့ရသည်။ မိမိတစ်ယောက်သာ ကံကောင်းထောက်မစွာဖြင့်
ယခုအချိန်အထိ အသက်ရှင် နေခြင်းဖြစ်သည်။ မည်သူမျှမရှိတော့သော ဘ၀မှာမိမိ တစ်ယောက်တည်း
အထီးကျန်လျက် အသက် ရှင်လျက်ရုန်းကန်ကျန်ရစ်ခဲ့သည်။ ယခုအချိန်မှာတော့ မိမိရဲ့နောက်ဆုံးအချိန်ကိုရောက်ရှိလာပြီး
မိသားစုနှင့် အပေါင်းအသင်းများသည် တမလွန်တွင် မိမိအားစောင့်မျှော်နေမည်ဟု သူတွေးရင်း
အားတင်းမိသည်။ မည်သို့သေဆုံးမည်ကိုသာ ရွေးချယ်နိုင်သော အခြေအနေသို့ ရောက်ရှိနေသောကြောင့်
ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာချလိုက်သည်။ သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး မျက်စိကိုမှိတ်ထား လိုက်ကာ
နောက်ဆုံးကျည် တစ်တောင့်ကို အသုံးပြုလိုက် တော့သည်။
Thursday, February 16, 2012
မိုက်ကယ်ဂျက်ဆင်ရဲ့ ဖုတ်ကောင်သီချင်း
မိုက်ကယ်ဂျက်ဆင်
သီဆိုထားတဲ့ Thriller သီချင်းကို တင်ပေးလိုက်ပါတယ်။ အဲဒီသီချင်း ပါဝင်တဲ့ Thriller
အယ်လ်ဘမ်ကို ၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ဖြန့်ချိခဲ့တာဖြစ်ပြီး မိုက်ကယ် ဂျက်ဆင်ရဲ့
၆ ခွေ မြောက် အယ်လ်ဘမ်ဖြစ်ပါတယ်။ အဆိုပါ Thriller အယ်လ်ဘမ်ဟာ အထူး အောင်မြင်ကျော်ကြားခဲ့ပြီး
ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့ပါတယ်။ ကမ္ဘာတစ်လွှားမှာ အချပ်ရေပေါင်း ၄၃ သန်းကျော် ရောင်းချ ခဲ့ရပါတယ်။
Thriller သီချင်း MTV ၏ အစတွင် မိုက်ကယ်ဂျက်ဆင်က သူဟာ ဂမ္ဘီရအကြောင်းအရာများကို သက်ဝင်ယုံကြည်သူ
မဟုတ်ဘူးဆိုတဲ့ စာတမ်းထိုးထားခဲ့ပါတယ်။ သီချင်းစာသားကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။
Thriller
by Michael Jackson
It's close to midnight
Something evil's lurkin'in the dark
Under the moonlight
You see a sight that almost stops your heart
You try to scream
But terror takes the sound before you make it
You start to freeze
As horror looks you right between the eyes
You're paralyzed
'Cause this is thriller
Thriller night
And no one's gonna save you
From the beast about to strike
You know it's thriller
Thriller night
You're fighting for your life
Inside a killer
Thriller tonight, yeah
You hear the door slam
And realize there's nowhere left to run
You feel the cold hand
And wonder if you'll ever see the sun
You close your eyes
And hope that this is just imagination
But all the while
You hear a creature creepin' up behind
You're outta time
'Cause this is thriller
Thriller night
There ain't no second chance
Against the thing with the forty eyes, girl
Thriller
Thriller night
You're fighting for your life
Inside a killer
Thriller tonight
Night creatures callin'
The dead start to walk in their masquerade
There's no escaping the jaws of the alien this time
(They're open wide)
This is the end of your life
They're out to get you
There's demons closing in on every side
They will possess you
Unless you change that number on your dial
Now is the time
For you and I to cuddle close together, yeah
All through the night
I'll save you from the terror on the screen
I'll make you see
That this is thriller
Thriller night
'Cause I can thrill you more
Than any ghoul would ever dare try
(Thriller)
(Thriller night)
So let me hold you tight
And share a
(Killer, diller, chiller)
(Thriller here tonight)
'Cause this is thriller
Thriller night
Girl, I can thrill you more
Than any ghoul would ever dare try
(Thriller)
(Thriller night)
So let me hold you tight
And share a
(Killer, thriller)
I'm gonna thrill you tonight
[Rap]
Darkness falls across the land
The midnight hour is close at hand
Creatures crawl in search of blood
To terrorize y'alls neighborhood
And whosoever shall be found
Without the soul for getting down
Must stand and face the hounds of hell
And rot inside a corpse's shell
I'm gonna thrill you tonight
(Thriller, thriller)
I'm gonna thrill you tonight
(Thriller night, thriller))
I'm gonna thrill you tonight
Ooh, babe, I'm gonna thrill you tonight
Thriller night, babe
[Rap]
The foulest stench is in the air
The funk of forty thousand years
And grizzly ghouls from every tomb
Are closing in to seal your doom
And though you fight to stay alive
Your body starts to shiver
For no mere mortal can resist
The evil of the thriller
Something evil's lurkin'in the dark
Under the moonlight
You see a sight that almost stops your heart
You try to scream
But terror takes the sound before you make it
You start to freeze
As horror looks you right between the eyes
You're paralyzed
'Cause this is thriller
Thriller night
And no one's gonna save you
From the beast about to strike
You know it's thriller
Thriller night
You're fighting for your life
Inside a killer
Thriller tonight, yeah
You hear the door slam
And realize there's nowhere left to run
You feel the cold hand
And wonder if you'll ever see the sun
You close your eyes
And hope that this is just imagination
But all the while
You hear a creature creepin' up behind
You're outta time
'Cause this is thriller
Thriller night
There ain't no second chance
Against the thing with the forty eyes, girl
Thriller
Thriller night
You're fighting for your life
Inside a killer
Thriller tonight
Night creatures callin'
The dead start to walk in their masquerade
There's no escaping the jaws of the alien this time
(They're open wide)
This is the end of your life
They're out to get you
There's demons closing in on every side
They will possess you
Unless you change that number on your dial
Now is the time
For you and I to cuddle close together, yeah
All through the night
I'll save you from the terror on the screen
I'll make you see
That this is thriller
Thriller night
'Cause I can thrill you more
Than any ghoul would ever dare try
(Thriller)
(Thriller night)
So let me hold you tight
And share a
(Killer, diller, chiller)
(Thriller here tonight)
'Cause this is thriller
Thriller night
Girl, I can thrill you more
Than any ghoul would ever dare try
(Thriller)
(Thriller night)
So let me hold you tight
And share a
(Killer, thriller)
I'm gonna thrill you tonight
[Rap]
Darkness falls across the land
The midnight hour is close at hand
Creatures crawl in search of blood
To terrorize y'alls neighborhood
And whosoever shall be found
Without the soul for getting down
Must stand and face the hounds of hell
And rot inside a corpse's shell
I'm gonna thrill you tonight
(Thriller, thriller)
I'm gonna thrill you tonight
(Thriller night, thriller))
I'm gonna thrill you tonight
Ooh, babe, I'm gonna thrill you tonight
Thriller night, babe
[Rap]
The foulest stench is in the air
The funk of forty thousand years
And grizzly ghouls from every tomb
Are closing in to seal your doom
And though you fight to stay alive
Your body starts to shiver
For no mere mortal can resist
The evil of the thriller
Subscribe to:
Posts (Atom)