Monday, February 13, 2012

Plant Vs Zombie ဂိမ်းသီချင်း



၂၀၀၉ ခုနှစ်မှ စတင်၍ လူကြိုက်များခဲ့သော Plant Vs Zombies ဂိမ်း၏ သီချင်းဖြစ်ပါတယ်။ ဂိမ်းတွင်ပါဝင်သော အခန်းများအားလုံးပြီးစီးအောင်ဆော့ပြီးလျှင် ဒီသီချင်းကို နားထောင်ရမှာ ဖြစ်ပါတယ်။ သီချင်းရဲ့အဓိပ္ပါယ်ကတော့ နေကြာပန်းပွင့်လေးတစ်ပွင့်က ဖုတ်ကောင်များကို ရင်ဆိုင်ယှဉ်ပြိုင်စိန်ခေါ်တဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းရဲ့နာမည်ကတော့ “ မင်းရဲ့မြက်ခင်းပေါ်က ဖုတ်ကောင်များ” လို့ အဓိပ္ပါယ်ရ ပါတယ်။ သီဆိုသူကတော့ လော်ရာ ရှီဂီဟာရာ ဖြစ်ပြီး သီချင်းစာသားကို အောက်မှာဖော်ပြထားပါတယ်။
Zombies on Your Lawn
There’s a zombie on your lawn
There’s a zombie on your lawn
There’s a zombie on your lawn
We don’t want zombies on the lawn
I know your type: tall, dark, and dead
You want to bite all the petals off of my head
And then eat the brains of
the one who planted me here
I’m just a sunflower but see
me power an entire infantry
You like the taste of brains
we don’t like zombies
I used to play football
Road cones protect my head
I have a screen-door shield
We are the undead
Maybe it’s time to reevaluate
I know you have a lot of food on your plate
Brains are quite rich in cholesterol
You’re dead so it doesn’t matter,
Instead we’ll use this solar power
to make a lawn defense at any hour
I like your tricycle
There’s butter on my head
I’m gonna eat your brains
We are the undead

Left 4 Dead ဗီဒီယို


                                   


Left 4 Dead ဂိမ်း၏ ပရိသတ်များ အပျော်တမ်းရိုက်ကူးထားသော ဗီဒီယိုဖြစ်ပါတယ်။ ရုပ်ရှင် ကားကြီးများကဲ့သို့ ပီပြင်မှုမရှိသော်လည်း Left 4 Dead ပရိသတ်များ အကြိုက်တွေ့စေမည့် ဂိမ်းမြင်ကွင်းများ ပါဝင်သော ဗီဒီယိုဖြစ်ပါတယ်။

Saturday, February 11, 2012

Resident Evil-3 အကောင်းဆုံးပြကွက်များ



အကျော်ကြားဆုံး Zombie သီချင်း




အကျော်ကြားဆုံး Zombie သီချင်း
Zombie (The Cranberries – 1994)
         ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး zombie သီချင်းဖြစ်သည့် Zombie ဟု အမည်ရသော သီချင်းအား အိုင်ယာလန်တေးဂီတအဖွဲ့ဖြစ်သည့် The Cranberries က ၁၉၉၄ ခုနှစ်တွင် ထုတ်ဝေ ခဲ့သော No Need to Argue အယ်လ်ဘမ်တွင် ထည့်သွင်းသီဆိုခဲ့သည်။ ယင်းသီချင်းသည် Irish Republican Army (IRA) အဖွဲ့က အင်္ဂလန်နိုင်ငံ ၀ါရင်တန်မြို့တွင် အကြမ်းဖက်ဗုံးဖောက်ခွဲမှု ပြုလုပ် ခဲ့သောကြောင့် ကလေး ၂ ဦးသေဆုံးခဲ့ရသည့် ဖြစ်ရပ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ရေးသား သီဆိုခဲ့ခြင်း ဖြစ်သည်။ သီချင်းရေးသားသူမှာ တေးဂီတအဖွဲ့၏ အဆိုတော် Dolores O’Riordan ကရေးသားခဲ့ခြင်း ဖြစ်သည်။
          ယင်းသီချင်း၏ MTV အား ၁၉၉၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ အဆိုပါ MTV တွင် အဆိုတော် Dolores သည် ရွှေရောင်မိတ်ကပ်များ လိမ်းခြယ်ထားပြီး လက်ဝါးကပ်တိုင်တစ်ခု၏ရှေ့တွင် မတ်တပ် ရပ်နေသော ပြကွက်များ ပါရှိသည်။ ထို့ပြင် မြောက်အိုင်ယာလန်နိုင်ငံတွင် ဗြိတိန်စစ်သားများ ကင်းလှည့် နေပုံများပါရှိသည်။
          အဆိုပါ MTV သည် ၁၉၁၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အိုင်ယာလန်အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ‘The Easter Rising’ ကို ရည်ညွှန်းပြီး ပဋိပက္ခများဖြစ်ပေါ်ခြင်းဖြင့် နှစ်ဖက်ဆုံးရှုံး ထိခိုက် နစ်နာမှုများကို သတိရအောက်မေ့စေရန် သီဆိုခဲ့ခြင်းဖြစ်သည်။ သီချင်းစာသား၏ အဓိပ္ပာယ်မှာ နှစ်ဦးနှစ်ဖက်အဓိပ္ပာယ်ကင်းမဲ့စွာ တိုက်ခိုက်သတ်ဖြတ်နေခြင်းသည် ဖုတ်ကောင်များနှင့် အသွင် သဏ္ဍာန်တူကြောင်း၊ ဖုတ်ကောင်များကဲ့သို့ ၎င်းတို့၏ဦးခေါင်းထဲတွင် ကျိုးကြောင်းဆက်စပ်တွေးခေါ်မှု တစ်ခုမျှမရှိဘဲ ရန်လိုမုန်းတီးမှုတစ်ခုတည်းအတွက် တိုက်ခိုက်နေကြခြင်း ဖြစ်ကြောင်း စသည့် အဓိပ္ပာယ်များကို ဖော်ကျူးထားသော ငြိမ်းချမ်းရေးသီချင်း ဖြစ်သည်။ မူရင်းသီချင်းစာသားကို အောက်တွင် ဖော်ပြလိုက်ပါသည်။
Zombie (The Cranberries – 1994)
Another head hangs lowly,
Child is slowly taken.
And the violence caused such silence,
Who are we mistaken?
But you see, it's not me, it's not my family.
In your head, in your head they are fighting,
With their tanks and their bombs,
And their bombs and their guns.
In your head, in your head, they are crying...
In your head, in your head,
Zombie, zombie, zombie,
Hey, hey, hey. What's in your head,
In your head,
Zombie, zombie, zombie?
Hey, hey, hey, hey, oh, dou, dou, dou, dou, dou...
Another mother's breakin',
Heart is taking over.
When the vi'lence causes silence,
We must be mistaken.
It's the same old theme since nineteen-sixteen.
In your head, in your head they're still fighting,
With their tanks and their bombs,
And their bombs and their guns.
In your head, in your head, they are dying...
In your head, in your head,
Zombie, zombie, zombie,
Hey, hey, hey. What's in your head,
In your head,
Zombie, zombie, zombie?
Hey, hey, hey, hey, oh, oh, oh,
Oh, oh, oh, oh, hey, oh, ya, ya-a...

Friday, February 10, 2012

Zombie (ဖုတ်ကောင်) နှင့် ပတ်သက်သော စာအုပ်များ

          ဖုတ်ကောင်များနှင့် ပတ်သက်သည့် စာအုပ်များ၊ ၀တ္ထုများသည် နိုင်ငံတကာတွင် အများအပြား ထွက်ပေါ်လျက်ရှိသည်။ စိတ်ကူးယဉ်ဝတ္ထုများရှိသကဲ့သို့ Zombie outbreak (ဖုတ်ကောင်ဖြစ်ပွားမှု ပျံ့နှံ့ခြင်း) နှင့် ပတ်သက်သည့် စာအုပ်များလည်း ထုတ်ဝေလျက်ရှိသည်။ ယခင်က ထိတ်လန့်သည်းဖိုဖုတ်ကောင် ၀တ္ထုများ သည် လူကြိုက်များခဲ့ပြီး ယခုလတ်တလော အချိန်တွင် ဖုတ်ကောင်ဖြစ်ပွားမှု ပျံ့နှံ့ခြင်းကို နိုင်ငံရေးကိစ္စရပ်များနှင့် ရောထွေး၍ အမှန်တကယ်ဖြစ်ပေါ်သကဲ့သို့ ရေးသားသော စာအုပ်များသည် လူကြိုက် များလျက်ရှိသည်။
          ထိုသို့ နိုင်ငံတကာဖြစ်ရပ်များနှင့် ချိန်ထိုးပြီးရေးသားလျက်ရှိသော ဖုတ်ကောင် ၀တ္ထုများတွင် လူကြိုက် အများဆုံး စာအုပ်မှာ Max Brooks ရေးသားသော World War Z စာအုပ် ဖြစ်သည်။ ယင်းစာအုပ်ကို ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ Brooks သည် ဖုတ်ကောင်များပါဝင်သော စာအုပ်များကို အစဉ်တစ်စိုက်ရေးသားခဲ့သူဖြစ်သည်။ သူသည် ၂၀၀၃ ခုနှစ်တွင် ဖုတ်ကောင်များနှင့် ရင်ဆိုင်ရာတွင် ရှင်သန် ကျန်ရစ်နိုင်မည့်အကြောင်းများကို ရေးသားထားသော The Zombie Survival Guide စာအုပ်ကို ရေးသားခဲ့သည်။
          ယင်းစာအုပ်တွင် ဖုတ်ကောင်များ ဖြစ်ပေါ်စေသော Solanum ဗိုင်းရပ်စ်အကြောင်း၊ ဖုတ်ကောင်များ၏ အန္တရာယ်မှ လွတ်မြောက်စေရန် ဆောင်ရွက်ရမည့် အချက်များ၊ ဖုတ်ကောင်များနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အသုံးပြုရမည့် လက်နက်များ၊ ဖုတ်ကောင်များလက်မှ လွတ်မြောက်စေရန် အသုံးပြုရမည့် ယာဉ်များ နှင့် သမိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဖုတ်ကောင်ဖြစ်ပွားမှု ပျံ့နှံ့ခြင်းဖြစ်ရပ်များကို သမိုင်းမတင်မီခေတ်မှ ၂၀၀၂ ခုနှစ်အထိ မှတ်တမ်းတင်ထားခြင်းများအား ဖော်ပြထားသည်။
စာရေးဆရာ Max Brooks ပထမဦးဆုံးရေးသားသော The Zombie Survival Guide စာအုပ်မျက်နှာဖုံးပုံ

          Brooks သည် ၂၀၀၆ ခုနှစ်တွင် World War Z စာအုပ်ကိုထုတ်ဝေခဲ့ပြီး ယင်းစာအုပ်တွင် ဖုတ်ကောင်ဖြစ်ပွားမှုပျံ့နှံ့ခြင်းကြောင့် ကမ္ဘာ့နိုင်ငံများအပေါ်တွင် အကျိုးသက်ရောက်မှုများကို ဒေသတစ်ခုချင်းစီ အလိုက် အသေးစိတ်ရေးသားခဲ့သည်။ Brooks သည် ယင်းစာအုပ်ကို အသံစာအုပ်အဖြစ်လည်း ထုတ်ဝေ ခဲ့သည်။ အဆိုပါ စာအုပ်သည် အနောက်နိုင်ငံများတွင် လူကြိုက်များခဲ့ပြီး အရောင်းရဆုံး စာရင်းဝင်ခဲ့သည်။ ယခုလက်ရှိ ၂၀၁၁ ခုနှစ်အကုန်နှင့် ၂၀၁၂ ခုနှစ်အစတွင် အဆိုပါ World War Z စာအုပ်ကို အခြေခံပြီး ရုပ်ရှင်ရိုက်ကူးလျက်ရှိသည်။
          ရုပ်ရှင်မင်းသား Brad Pitt ပါဝင်သော အဆိုပါရုပ်ရှင်သည် ရိုက်ကူးလျက်ရှိပြီး ၂၀၁၂ ခုနှစ်အကုန်တွင် ရုံတင်ပြသနိုင်ရန် စီစဉ်ထားသည်။ ယင်းရုပ်ရှင်ကားတွင် Brad Pitt သည် ကုလသမဂ္ဂအဖွဲ့၏ သတင်းထောက်အဖြစ် သရုပ်ဆောင်ထားပြီး ဖုတ်ကောင်ဖြစ်ပွားမှုပျံ့နှံ့ခြင်း အပြီးသတ်သောအခါတွင် ကမ္ဘာ့ဒေသ အသီးသီးသို့ သွားရောက်၍ သတင်းမှတ်တမ်းရယူခြင်းပြုလုပ်ပုံများကို အခြေခံရိုက်ကူးထားခြင်း ဖြစ်သည်။
စာရေးဆရာ Max Brooks ဒုတိယမြောက်ရေးသားခဲ့သော World War Z စာအုပ်မျက်နှာဖုံးပုံ

          World War Z စာအုပ်ကို အခြေခံပြီးထပ်မံပေါ်ပေါက်လာသော စာအုပ်မှာ ၂၀၁၀ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထုတ်ဝေခဲ့သော Roger Ma ရေးသားသည့် The Zombie Combat Manual စာအုပ်ဖြစ်သည်။ အဆိုပါစာအုပ်သည် ဖုတ်ကောင်များနှင့် တိုက်ခိုက်ရာတွင် အသုံးပြုရမည့် လက်နက်မဲ့တိုက်ခိုက်နည်းများ၊ လက်နက်ဖြင့် တိုက်ခိုက်နည်းများကို အသေးစိတ်ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။ ယင်းစာအုပ်သည် ဒုတိယကမ္ဘာစစ်အတွင်းတွင် ထုတ်ဝေခဲ့သော တိုက်ခိုက်နည်းစာအုပ်များကို အခြေခံထားခြင်းဖြစ်ပြီး ဖုတ်ကောင်များအား တိုက်ခိုက်ရာတွင် အထိရောက်ဆုံးနည်းလမ်းများအား ဖော်ပြထားသည်။
စာရေးဆရာ Roger Ma ရေးသားခဲ့သော The Zombie Combat Manual စာအုပ်မျက်နှာဖုံးပုံ






Saturday, February 4, 2012

Zombie (ဖုတ်ကောင်) အမျိုးအစားများ


          Zombie (ဖုတ်ကောင်)ဆိုသည် မိမိကိုယ်ကိုမည်သူမည်ဝါဖြစ်ကြောင်း၊ အခြေအနေ မည်ကဲ့သို့ ဖြစ်ပေါ် နေကြောင်း မသိရှိတော့ဘဲ ပတ်ဝန်းကျင်ရှိ အခြားသူများအား ဖျက်ဆီးခြင်း (တစ်ခါတစ်ရံ စားသောက်ခြင်း) ကိုသာ ပြုလုပ်သည့် အသေကောင်များကို ဆိုလိုသည်။ ကူးစက်နှုန်းမြင့်မားသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာသော ဖုတ်ကောင်များသည် အဆိုပါ ဗိုင်းရပ်စ်ပိုးအား ပတ်ဝန်းကျင်သို့ တောမီးပမာ အလျင်အမြန် ကူးစက်စေရန် အစဉ်အမြဲပြုလုပ်လေ့ရှိသည်။ သေပြီးနောက် ပြန်လည်ရှင်သန်လာမှသာ ဖုတ်ကောင် အစစ်အမှန် ဖြစ်ကြောင်း ဖုတ်ကောင်ကျွမ်းကျင်သူများက ဖော်ပြထားသည်။ ဖုတ်ကောင်အမျိုးအစားပေါင်း အများအပြားရှိသည့်အနက် လက်လှမ်းမီသလောက် ဖုတ်ကောင်အမျိုးအစား များကို ဆက်လက်ဖော်ပြ သွားပါမည်။
ရိုးရိုးသာမန် ဖုတ်ကောင်
          ရိုးရိုးသာမန်ဖုတ်ကောင်သည် သေဆုံးသွားပြီး ပြန်လည်ရှင်သန်လာသော ဖုတ်ကောင်ဖြစ်ပြီး ကောင်းမွန်စွာ လမ်းမလျှောက်နိုင်သောကြောင့် ခြေထောက်များကို ရှပ်တိုက်လျှောက်ကာ ပါးစပ်မှ ညည်းတွား လျက်ရှိမည် ဖြစ်သည်။ ပုံမှန်အနေအထားတွင် ယင်းဖုတ်ကောင်များသည် ကြမ်းတမ်း၍ ရန်လိုသော အမူအရာရှိသော်လည်း လျင်မြန်မှုမရှိပေ။ အဆိုပါဖုတ်ကောင်များသည် များသောအားဖြင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသောကြောင့် သေဆုံးပြီး ပြန်လည်ရှင်သန်လာသည့် ကိုယ်ခန္ဓာပျက်စီးနေသော ဖုတ်ကောင်များ ဖြစ်သည်။ ယင်းဖုတ်ကောင်များ၏ ကိုက်မိခြင်းကိုခံရပါ ဒဏ်ရမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးကူးစက်မည်ဖြစ်သည်။ ထို့ပြင် ဗိုင်းရပ်စ်ပိုး၏ ကူးစက်ပုံအမျိုးအစားအလိုက် ခန္ဓာကိုယ်တွင်းရှိ အခြားသော အရည်များမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။
Romero ဖုတ်ကောင်
          Romero ဖုတ်ကောင်ဆိုသည်မှာ ဒါရိုက်တာ George A. Romero ရိုက်ကူးခဲ့သော Night of the Living Dead ဇာတ်ကားနှင့် ယင်းဇာတ်ကား၏ အဆက်များဖြစ်သော Living Dead နာမည်ပါရှိသည့် ရုပ်ရှင်များတွင် ပါဝင်သည့် ဖုတ်ကောင်များကို ဆိုလိုသည်။ George A. Romero သည် ဖုတ်ကောင်အယူအဆများကို ခေတ်သစ်လူမှုအသိဥာဏ်နှင့် နှိုင်းယှဉ်၍ ပထမဦးဆုံး ဖော်ပြခဲ့သူဖြစ်သည်။ သူ၏ ဖုတ်ကောင်များသည် မူလ Voodoo မှော်ပညာဖုတ်ကောင်များနှင့် တူညီခြင်းမရှိဘဲ ကွဲပြားခြားနားသည်။ အထူးသဖြင့် ကွဲပြားချက်တစ်ခုမှာ ဖုတ်ကောင်ဖြစ်ပွားမှုပျံ့နှံခြင်း (outbreak) ၏ ရင်းမြစ်မတူညီခြင်းဖြစ်သည်။ Voodoo ဖုတ်ကောင်များသည် မှော်ပညာကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး Romero ၏ ဖုတ်ကောင်များသည် ဓာတ်ငွေ့နှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သိပ္ပံနည်းပညာများကို အခြေခံသည့် ဖုတ်ကောင်
          လက်ရှိသိပ္ပံအတွေးအခေါ်များ၏ တစ်စိတ်တစ်ပိုင်းဖြင့် ရှင်းပြနိုင်သည့်နည်းလမ်းများကြောင့် ဖြစ်ပေါ်လာသော ဖုတ်ကောင်များကိုဆိုလိုသည်။ အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခြင်းဖြစ်သည်။ ယင်းဖုတ်ကောင်များသည် ဗီဒီယိုဂိမ်းများ (ဥပမာ - Resident Evil) ၊ ရုပ်ရှင်များနှင့် ၀တ္ထုများတွင် ပါဝင်သော ယေဘုယျဖုတ်ကောင် အမျိုးအစားဖြစ်သည်။
Max Brooks ဖုတ်ကောင်
          အဆိုပါဖုတ်ကောင်အမျိုးအစားသည် စာရေးဆရာ Max Brooks ရေးသားသော ၀တ္ထုများတွင် ပါဝင်သည့် ဖုတ်ကောင်အမျိုးအစားဖြစ်သည်။ Solanum ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ဖုတ်ကောင် အမျိုးအစား ဖြစ်သည်။ Max Brooks ရေးသားသော World War Z စာအုပ်နှင့် The Zombie Survival Guide စာအုပ်များတွင် ပါဝင်သော ဖုတ်ကောင်အမျိုးအစားဖြစ်သည်။
လျင်မြန်သော ကူးစက်ဖုတ်ကောင်
          လျင်မြန်သော ဖုတ်ကောင်များသည် စစ်မှန်သော ဖုတ်ကောင်များမဟုတ်ဘဲ (သေပြီးနောက် ပြန်လည်ရှင်သန်လာခြင်းမဟုတ်ဘဲ) ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အခြားဖုတ်ကောင်များနှင့် နှိုင်းယှဉ်လျှင် ယင်းဖုတ်ကောင်များသည် ခွန်အားနှင့် အရှိန် ပိုမိုမြင့်မား၍ အချိန်ကြာမြင့်စွာ ပြေးလွှားနိုင်သည်။ သို့သော် ခံနိုင်ရည်အားတွင်မူ အခြားဖုတ်ကောင်များနှင့် နှိုင်းယှဉ်ပါက နည်းပါးသည်။ ရင်ဘတ်တွင် ဒဏ်ရာရလျှင်ဖြစ်စေ၊ သွေးထွက်လွန်၍ဖြစ်စေ၊ ဆာလောင်ငတ်မွတ်၍ ဖြစ်စေ၊ ကူးစက်ခံရသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်စေ သေဆုံးနိုင်သည်။ လျင်မြန်သော ဖုတ်ကောင်များကို 28 Days Later ၊ REC 2 အစရှိသည့် ရုပ်ရှင်များနှင့် Left 4 Dead ဗီဒီယိုဂိမ်းတို့တွင် တွေ့ရှိရသည်။
Roger Ma ဖုတ်ကောင်
          စာရေးဆရာ Roger Ma ရေးသားသော Zombie Combat Manual စာအုပ်တွင် ပါဝင်သော ဖုတ်ကောင်အမျိုးအစားဖြစ်သည်။ အဆိုပါဖုတ်ကောင်များ၏ မူလဇစ်မြစ်အား မသိရှိရသော်လည်း Max Brooks ရေးသားသော စာအုပ်များတွင် ပါရှိသည့် ဖုတ်ကောင်များနှင့် ဆင်တူသည်။ အဆိုပါဖုတ်ကောင်များသည် ပြင်းထန်ဆိုးဝါးသော အနံ့များထွက်ပေါ်ပြီး လျင်မြန်စွာ ပျက်စီးလွယ်သည်။ သို့သော် ပျက်စီးခြင်းသည် တစ်ပိုင်းတစ်စနှင့် ရပ်တန့်နိုင်သည်။ Solanum ဗိုင်းရပ်စ်ကူးစက်ခံရသော ဖုတ်ကောင်ကဲ့သို့ အလွန်အကျွံ မာကျောခြင်းမရှိပေ။ ယင်းဖုတ်ကောင်များအား ရိုက်နှက်ခြင်း၊ ခုတ်ပိုင်းခြင်း၊ သေနတ်နှင့် ပစ်ခြင်းကြောင့် ထွက်ပေါ် လာသော ကိုယ်တွင်းအရည်များမှတစ်ဆင့် ကူးစက်နိုင်သည်။ ကိုယ်တွင်းအရည်များမှတစ်ဆင့် ကူးစက်ခံရလျှင် အသွင်ပြောင်းခြင်း လျင်မြန်ပြီး စက္ကန့်အနည်းငယ် အတွင်းမှ နာရီအနည်းငယ်အတွင်း ဖုတ်ကောင်ဖြစ်နိုင်သည်။
Resident Evil ဖုတ်ကောင်
          အဆိုပါဖုတ်ကောင်များသည် Resident Evil ဇာတ်လမ်းတွဲများတွင် ပါဝင်သော T-Virus ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းဖုတ်ကောင်များသည် အခြားဖုတ်ကောင်အမျိုးအစားများနှင့် ကွာခြားပြီး လူများသာမက တိရစ္ဆာန်နှင့် အပင်များကိုပါကူးစက်နိုင်သည်။ T-Virus သည် အခြားဗိုင်းရပ်စ်ပိုးများ၏ ကူးစက်ပုံနှင့်မတူဘဲ အလွန်လျင်မြန်စွာ ပျံ့နှံ့ကူးစက်နိုင်သည်။ T-Virus ၏ မူကွဲတစ်မျိုးမှာ G-Virus ဖြစ်ပြီး ယင်းဗိုင်းရပ်စ်ပိုးကူးစက်ခံသူသည် မျိုးဗီဇသန္ဓေပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်ပြီး အလွန်ကြမ်းတမ်းသော သတ္တ၀ါများ ဖြစ်ပေါ်နိုင်သည်။
နာဇီဖုတ်ကောင်
          နာဇီဖုတ်ကောင်ဆိုသည်မှာ ရေဒီယိုသတ္တိကြွမှုအလွန်ပြင်းထန်သော Ununpentium ဒြပ်စင်နှင့် ထိတွေ့ခဲ့သော နာဇီစစ်သားများမှတစ်ဆင့် ဖြစ်ပေါ်လာသော ဖုတ်ကောင်များ ကိုဆိုလိုသည်။ အဆိုပါ ဒြပ်စင်နှင့် ထိတွေ့ခဲ့သော ဂျပန်၊ ဆိုဗီယက်ရုရှား၊ အမေရိကန်နှင့် ဗီယက်နမ် စစ်သား/ပြည်သူများ သည်လည်း ဖုတ်ကောင်များ အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ အဆိုပါ ဖုတ်ကောင်များကို Call of Duty: World at War နှင့် Call of Duty: Black Ops ဗီဒီယိုဂိမ်းများတွင် တွေ့ရှိရသည်။ Ununpentium ဒြပ်စင်သည် ခွေးများကိုပါ ကူးစက်နိုင်ပြီး ကူးစက်ခံရသော ဖုတ်ကောင်များသည် ပုံမှန်ထက် ပိုမိုသန်မာလာကြောင့် တွေ့ရှိရသည်။
Cybernetic ဖုတ်ကောင်
          အလောင်းကောင်များ၏ဦးနှောက်များကို အီလက်ထရွန်နစ်ပစ္စည်းများနှင့် ချိတ်ဆက်ပြီး ဆက်သွယ် ထိန်းချုပ်မှု သိပ္ပံပညာသဘောတရားအရ ပြန်လည်အသက်သွင်းထိန်းချုပ်ထားသော ဖုတ်ကောင်များကို Cybernetic ဖုတ်ကောင်များဟု ခေါ်ဆိုသည်။ အဆိုပါ ဖုတ်ကောင်များကို Cyborg (လူစက်ရုပ်) နှင့် မရောထွေးသင့်ပေ။ Cyborg ဆိုသည်မှာ စက်ပစ္စည်းကိရိယာများကို တပ်ဆင် ထားပြီး အသက်ရှင်သန်နေသော လူသားကို ဆိုလိုသည်။
သဘာဝလွန် ဖုတ်ကောင်
          သဘာဝလွန်ဖုတ်ကောင်ဆိုသည်မှာ သိပ္ပံပညာရပ်များဖြင့် ရှင်းမပြနိုင်သော တစ်နည်းအားဖြင့် သဘာဝလွန်နည်းလမ်းများဖြင့် ပြန်လည်အသက်သွင်းထားသော ဖုတ်ကောင်များကို ဆိုလိုသည်။
Voodoo ဖုတ်ကောင်
          မှော်ဆရာ (သို့မဟုတ်) နတ်ဆရာများက အဆိပ်များနှင့် ပရဆေးပင်များကိုအသုံးပြု၍ လူသေကောင်အား ပြန်လည်အသက်သွင်းထားသော ဖုတ်ကောင်ကို Voodoo ဖုတ်ကောင်ဟု ခေါ်ဆို နိုင်သည်။ ယင်းဖုတ်ကောင်များသည် သမိုင်းတွင် အထောက်အထားရှိခဲ့သော ဖုတ်ကောင်များ ဖြစ်သည်။
Star Wars ဖုတ်ကောင်
          Star Wars ဇာတ်လမ်းများတွင် အနည်းငယ်သာပါရှိပြီး အလောင်းကောင်များကို Sith မှော်ပညာဖြင့် ပြန်လည်အသက်သွင်းထားခြင်းဖြစ်သည်။ ထို့ပြင် Blackwing ဓာတုပစ္စည်းများ ဖြင့်လည်း ပြန်လည်အသက်သွင်းနိုင်ကြောင်း Death troopers စာအုပ်တွင် တွေ့ရှိရသည်။ ယင်းဖုတ်ကောင်များသည် အနက်ရောင် အရည်များ ယိုစိမ့်လျက်ရှိပြီး လေဆာရောင်ခြည်သေနတ်ကို အသုံးပြုနိုင်ကာ အုပ်စုဖွဲ့ လှုပ်ရှားနိုင်ကြသည်။
အသိဥာဏ်ရှိသော ဖုတ်ကောင်
          အသိဥာဏ်ရှိသော ဖုတ်ကောင်ဆိုသည်မှာ ၄င်းတို့၏ ပင်ကိုယ်စရိုက်နှင့် အသိဥာဏ်ကို ထိန်းသိမ်းထားနိုင်သော ဖုတ်ကောင်များကိုဆိုလိုသည်။ အဆိုပါဖုတ်ကောင်အမျိုးအစားများကို Marvel Zombies ၊ Undead or Alive ၊ The House of Night Zombies ၊ Land of the Dead အစရှိသည့် ဇာတ်လမ်းများတွင် တွေ့ရှိရသည်။ အဆိုပါဖုတ်ကောင်များသည် ဇာတ်လမ်းများတွင် ပါဝင်မှုရှားပါးသည်။ Resident Evil ဇာတ်လမ်းတွင် သိပ္ပံပညာရှင်များ စမ်းသပ်ထားချက်အရ ဖုတ်ကောင်များသည် ပစ္စည်းများအား သာမန် လူသားများကဲ့သို့ ကိုင်တွယ်အသုံးပြုနိုင်ရန် မှတ်မိသေး ကြောင်းတွေ့ရှိရသည်။ သို့သော် ဒေါသထွက်လာပါက မူလရန်လိုစိတ်ပြန်လည် ပေါ်ပေါက် လာကြောင်းလည်း တွေ့ရှိရသည်။
          ဖုတ်ကောင်များတွင် အသိဥာဏ်ရှိသည်ဟု သက်သေသာဓကများ ပြသနိုင်လျှင်သော်မှ မယုံကြည် သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဖုတ်ကောင်များသည် အစဉ်အမြဲရန်လိုလျက်ရှိပြီး ဘေးပတ်ဝန်းကျင်အနီး တစ်ဝိုက်ရှိလူအများအား ဖျက်ဆီးသတ်ဖြတ်လိုစိတ် အပြည့်ရှိသောကြောင့် ဖြစ်သည်။