(၃) ရောဂါဖြစ်ပွားမှုပြင်းထန်သော
ဗိုင်းရပ်စ်ပိုးများ (The Real Rage Virus)
အကြောင်းအရာ
ဗိုင်းရပ်စ်ပိုးကြောင့် လူသားများသည် ခံစားမှုကင်းမဲ့သော
လူသတ်သတ္တ၀ါများအဖြစ်သို့ ရောက်ရှိ သွားပုံကို ဖုတ်ကောင်ရုပ်ရှင်များတွင် ရိုက်ကူးလေ့ရှိသည်။
လက်တွေ့လောကတွင်လည်း ဦးနှောက် မူမမှန်ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးများ အများအပြားရှိသည်။
သို့သော်ယင်းဗိုင်းရပ်စ်ပိုးများသည် တစ်ဦးမှ တစ်ဦးသို့ အလွယ်တူကူးစက်နိုင်ခြင်း မရှိပေ။
လွန်ခဲ့သောဆယ်စုနှစ် (၂၀၀၀ ပြည့်နှစ်) ခန့်က ဖြစ်ပွားခဲ့ သည့် နွားရူးရောဂါ (Mad
Cow Disease) သည် ဦးနှောက်ပိုင်းဆိုင်ရာ မူမမှန်ဖြစ်စေပြီး ကူးစက်တတ် သောဗိုင်းရပ်စ်ပိုးကြောင့်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဗိုင်းရပ်စ်ပိုးသည် နွား၏ အာရုံ ကြောမကြီး (Spinal
Cord) နှင့် ဦးနှောက်တို့အားတိုက်ခိုက်၍ နွားအားဒယိမ်းဒယိုင်ဖြစ်စေပြီး စိတ်ခံစားမှုကင်းမဲ့စေသည်။
နွားရူးရောဂါပိုးရှိသောအမဲသားအား လူသားတို့စားသုံး၍ အဆိုပါရောဂါပိုး ကူးစက်ခဲ့လျှင်…..?
ယင်းအကြောင်းအရာမှတစ်ဆင့်
ဖုတ်ကောင်ဖြစ်ပေါ်ခဲ့လျှင်
Creutzfeldt-Jakob disease ဟု အမည်ရသော နွားရူးရောဂါပိုး
လူသားသို့ ကူးစက်ခံရပါက ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများကို အောက်တွင် ဖော်ပြထားသည်-
(၁) လမ်းလျှောက်သော ပုံစံပြောင်းလဲသွားခြင်း၊
(၂) စိတ်ချောက်ချား၍ ထင်ယောင်ထင်မှားဖြစ်ခြင်း၊
(၃) ခန္ဓာကိုယ်လှုပ်ရှားမှုအမျိုးမျိုးအား ဟန်ချက်ညီစေရန်
ထိန်းချုပ်နိုင်မှု လျော့နည်းသွားခြင်း၊
(၄) ကြွက်သားများ ဆန့်တငင်ငင်ဖြစ်၍ ရှုံတွခြင်း၊
(၅) ၀က်ရူးပြန်သကဲ့သို့ တဆတ်ဆတ်အကြောဆွဲခြင်း၊
(၆) စိတ်ဖောက်ပြန်မှုဖြစ်ပေါ်ခြင်း။
အဆိုပါရောဂါသည် ဖြစ်တောင့်ဖြစ်ခဲ ရှားရှားပါးပါး
ဖြစ်တတ်သော ရောဂါဖြစ်သည်။ သို့သော် သင်ထင်မှတ်ထားသကဲ့သို့ မဖြစ်နိုင်ဟုယူဆ၍မရပေ။ ယင်းဗိုင်းရပ်စ်ပိုး၏
မူကွဲများဖြစ်သော ကူးစက်မှုနှုန်း ပြင်းထန်သည့် ရောဂါပိုးများလည်း ပေါ်ပေါက်လာနိုင်သည်။
ယင်းအကြောင်းအရာမှတစ်ဆင့်
Zombie Apocalypse ဖြစ်ပေါ်ခဲ့လျှင်
ကျွန်တော်တို့၏ ဦးနှောက်အတွင်းတွင်
Serotonin ဟု အမည်ရသော စိတ်ခံစားမှုကို ဖြစ်ပေါ်
စေသည့် ဟော်မုန်းတစ်မျိုးရှိသည်။ ယင်းဟော်မုန်းအား Neurotransmitter ဟူ၍ လည်းခေါ်ဆိုသည်။
အဆိုပါဟော်မုန်းချို့တဲ့ပါက စိတ်ကျရောဂါဖြစ်ပေါ်စေပြီး ဦးနှောက်အတွင်းမှ လုံးဝပျောက်ကွယ်သွား ပါက
အသိစိတ်ကင်းမဲ့မှုကို ဖြစ်ပေါ်စေသည်။ နွားရူးရောဂါဖြစ်ပေါ်စေသော ဗိုင်းရပ်စ်ပိုး (The Real Rage
Virus) သည် အဆိုပါဟောမုန်းဓာတ်အား စုပ်ယူနိုင်ကြောင်း တွေ့ရှိရသည်။ ကြွက်များ၏
ဦးနှောက်အတွင်းသို့ ဗိုင်းရပ်စ်ပိုးထိုးသွင်းပြီးနောက် လှောင်အိမ်အတွင်း အတူတကွထည့်သွင်းထား ပါက
တစ်ကောင်နှင့်တစ်ကောင် သေသည်အထိ အပြင်းအထန် တိုက်ခိုက်ကြကြောင်း စမ်းသပ် တွေ့ရှိရသည်။
ထို့ကြောင့် အဆိုပါနွားရူးရောဂါပိုးသည် အဆင့်ဆင့်ပြောင်းလဲခြင်းသီအိုရီ (The Evolution Theory)
အရပြောင်းလဲ၍ ကူးစက်မှုပြင်းထန်သော နွားရူးရောဂါပိုးအသစ်များ (ဥပမာ - Super Mad Cow နှင့်
Maddre Cow) ပေါ်ပေါက်လာခဲ့ပါက ရောဂါကူးစက်ပုံသည်လည်း ပြောင်းလဲ သွားမည်ဖြစ်သည်။
ရောဂါပိုးသည် သွေးချင်းထိတွေ့ပေါင်းစပ်၍ဖြစ်စေ၊ ခံတွင်းမှထွက်သော အရည် များနှင့် သွေးတို့
ထိတွေ့ပေါင်းစပ်၍ ဖြစ်စေ ကူးစက်မှုဖြစ်ပေါ်လာနိုင်မည်။ ထိုကဲ့သို့ ဖြစ်ပေါ်လာခဲ့လျှင် အကိုက်ခံရပါက
ရောဂါပိုးကူးစက်မည် ဖြစ်သည်။ ဖုတ်ကောင်ရုပ်ရှင်များတွင် မြင်တွေ့ရသည့်အတိုင်း
တစ်ချက်အကိုက်ခံရပါက ဖုတ်ကောင်ဘ၀သို့ ရောက်ရှိသွားနိုင်မည် ဖြစ်သည်။

No comments:
Post a Comment