Monday, March 5, 2012

The Walking Dead


The Walking Dead တီဗီစီးရီးတွင် ပါဝင်သော အဓိကဇာတ်ဆောင်များ
အပိုင်း(၁)
          The Walking Dead တီဗီစီးရီးတွင် အဓိကဇာတ်ဆောင် ၁၂ ဦးပါရှိပြီး တစ်ဦးချင်းစီ၏ အကြောင်းများကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် ၁၂ ဦး၏ နာမည်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-
(၁)     Rick Grimes
(၂)     Lori Grimes
(၃)     Shane Walsh
(၄)     Andrea
(၅)     Dale
(၆)     Glenn
(၇)     Carl Grimes
(၈)     Daryl Dixon
(၉)     T-Dog
(၁၀)   Carol Peletier
(၁၁)   Sophia Peletier
(၁၂)   Amy
Rick Grimes
          အဓိကဇာတ်ဆောင်ဖြစ်သော Rick Grimes သည် မြို့ငယ်လေးတစ်ခု၏ လက်ထောက် ရဲအရာရှိတစ်ဦးဖြစ်ပြီး တာဝန်ထမ်းဆောင်ချိန်တွင် ဒဏ်ရာရရှိခဲ့၍ သတိလစ်မေ့မျောကာ ဆေးရုံတက်ခဲ့ရသည်။ ဖုတ်ကောင်ဖြစ်ပွားမှုများ ပျံ့နှံ့ချိန်တွင် ပြန်လည်နိုးထလာခဲ့ပြီး မိန်းမဖြစ်သူ Lori Grimes နှင့် သားဖြစ်သူ Carl Grimes တို့အား လိုက်ရှာနေသူဖြစ်သည်။
          Rick သည် လိမ္မာပါးနပ်၍ တည်ငြိမ်သော သာမန်လူတစ်ဦးဖြစ်ပြီး သူငယ်ချင်းကောင်းနှင့် ဖခင်ကောင်း တစ်ဦးလည်းဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် ၎င်း၏ ပုဂ္ဂလပိုင်းဆိုင်ရာ လူကျင့်ဝတ်သဘောထားကို တင်းတင်းမာမာ ဆွဲကိုင်ထားသူဖြစ်သည်။ တစ်ခါတွင် Daryl Dixon သည် ရောဂါကူးစက်ခံနေရသော လူတစ်ဦးအား သေနတ်နှင့် ပစ်ရန်ချိန်ထားစဉ်တွင် Rick က “ငါတို့ အသက်ရှင်နေသူတွေကို မသတ်ဘူး” ဟု အပြင်းအထန်ငြင်းဆိုခဲ့သည်။
          Rick သည် Shane Walsh နှင့် သူငယ်ချင်းဖြစ်သည့်အပြင် ကာလကြာရှည်စွာ တွဲဖက် အလုပ်လုပ်ခဲ့သူဖြစ်သောကြောင့် တစ်ဦးနှင့် တစ်ဦးခင်မင်ယုံကြည်မှု အပြည့်အ၀ရှိသည်။ Rick သည် သတိလစ်မေ့မျောနေစဉ်အတွင်း သူ၏ မိသားစုအား ကြည့်ရှုစောင့်ရှောက်ပေးခဲ့သော Shane အား အလွန် ကျေးဇူးတင်လျက်ရှိသည်။ သို့သော် ၄င်း၏ မိန်းမ Lori သည် Shane နှင့် အတူတူ အိပ်ခဲ့ကြောင်း သတိမထား မိပေ။
          Rick သည် ပင်ကိုယ်ဗီဇအနေဖြင့် ခေါင်းဆောင်စိတ်ပါရှိသူဖြစ်သည်။ ထိုအချက်ကြောင့် သူမရောက်ခင် အဖွဲ့ခေါင်းဆောင်ဖြစ်သော Shane နှင့် ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်လာသည်။ အဆိုပါ သဘောထား ကွဲလွဲမှုသည် သူတို့ စခန်းချသောနေရာသို့ ဖုတ်ကောင်တစ်ကောင် ၀င်ရောက်တိုက်ခိုက်ခြင်းမှ အစပြုခဲ့သည်။ အတ္တလန္တာမြို့အတွင်း ၀င်ရောက်၍ Rick ၏ လက်နက်အိတ်အား ပြန်သွားယူစဉ် လူတစ်ယောက် အား ထားခဲ့ခြင်းနှင့် စခန်းတွင် Rick မရှိသည့်အတွက်ကြောင့် Shane က Rick အား အပြစ်တင်ပြောကြားခဲ့သည်။ ထို့ပြင် Rick သည် အတ္တလန္တာမြို့အတွင်းရှိ Center of Disease Control (CDC) သို့ အဖွဲ့လိုက်သွားလို သော်လည်း Shane က မိုင် ၁၀၀ အကွာအဝေးရှိ စစ်တပ်အခြေစိုက်စခန်းသို့ သွားရောက် လျှင် ပိုမို လုံခြုံသည် ဟု အကြောင်းပြခဲ့သည်။
          နောက်ဆုံးတွင် အဖွဲ့သည် Rick အကြံပြုချက်ကို လက်ခံခဲ့သည်။ CDC တွင် ထူးဆန်းသော ဒေါက်တာ Edwin Jenner နှင့် တွေ့ဆုံသည်။ ဒေါက်တာက သူသည် CDC တွင် နောက်ဆုံးအသက်ရှင် ကျန်နေရစ်သူ ဖြစ်ပြီး ဖုတ်ကောင်ဖြစ်ပွားသော ရောဂါပိုးနှင့် ပတ်သက်၍ ကုသခြင်းနည်းလမ်း တစ်စုံတစ်ရာ မရှိကြောင်း ပြောပြခဲ့သည်။ ထို့နောက် CDC အဆောက်အအုံသည် ပါဝါကုန်ခမ်းသွားသောကြောင့် မကြာမီဖောက်ခွဲ ဖျက်ဆီးတော့မည်ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။ ပေါက်ကွဲမှုမဖြစ်ပေါ်ခင် ဒေါက်တာ Jenner (အပြင်သို့ မလိုက်ဘဲ ပေါက်ကွဲရာတွင် နေရစ်ခဲ့သူ) က Rick ကို လက်ဆွဲနှုတ်ဆက်၍ တစ်စုံတစ်ခုအား တီးတိုး ပြောကြား ခဲ့သည်။
Lori Grimes
          သူမ၏ ယောင်္ကျားဖြစ်သော Rick သေဆုံးခဲ့ပြီဟု ယုံကြည်သော Lori သည် သားဖြစ်သူ Carl Grimes အား ခေါ်ဆောင်ပြီး ယောင်္ကျား၏ သူငယ်ချင်းဖြစ်သူ Shane နှင့် အတ္တလန္တာမြို့သို့ ထွက်ပြေးခဲ့သည်။ မကြာမီအချိန်အတွင်းတွင် Shane နှင့် Lori တို့၏ အချစ်ဇာတ်လမ်းဖြစ်ပေါ်ခဲ့ပြီး Rick ပြန်ရောက်လာသော အချိန်တွင် Lori က ယင်းဇာတ်လမ်းအား အဆုံးသတ်ခဲ့သည်။ ထို့ပြင် သူမယောင်္ကျားအား သေဆုံးပြီဟု ပြောဆိုခဲ့သော Shane အား ဒေါသ အမြက်ခြောင်းခြောင်းထွက်၍ သူမနှင့် မိသားစုအနားမှ ဖယ်ခွာရန် သတိပေးခဲ့သည်။
          Lori သည် သူမ၏ သားအား အန္တရာယ်ကင်းစေရန် ထင်ရာစိုင်း၍ လွန်လွန်ကြူးကြူး ကာကွယ်တတ်သော အမေတစ်ယောက်ဖြစ်သည်။ ထို့ပြင် အသက်ရှင်ကျန်ရစ်နေသူအုပ်စု၏ စိတ်ခံစားမှုနှင့်သက်ဆိုင်သည့် ပင်မမဏ္ဍိုင်လည်းဖြစ်သည်။ အုပ်စုအတွင်း လူမှုရေးကျင့်ဝတ်များ၊ ဘာသာဓလေ့များနှင့် ရိုးရာဓလေ့များအား ထိန်းသိမ်းပေးနေသောသူဖြစ်သည်။ စခန်းချရာနေရာသို့ ဖုတ်ကောင်များ ၀င်ရောက်တိုက်ခိုက်ပြီးချိန်တွင် သေဆုံးသူများ၏ အသုဘအခမ်းအနားပြုလုပ်ရန် မရမက တောင်ဆိုးခဲ့သည်။ “ငါတို့ ၀မ်းနည်းပူဆွေးဖို့ အချိန်လိုတယ်၊ ပြီးတော့ သေဆုံးတဲ့သူတွေကို မြုပ်နှံ့ဖို့ လိုအပ်တယ်” ဟု သူမက တောင်းဆိုခဲ့သည်။
          Lori သည် သူမ၏ ဘ၀အား ယောင်္ကျားဖြစ်သူ Rick နှင့်အတူ ကုန်ဆုံးရန် ရည်ရွယ်ထားသော်လည်း Shane သည် သူမအပေါ်၌ ခံစားချက်များ လေးလေးနက်နက် ရှိနေသေးသည်။ တစ်ညတွင် Shane သည် အရက်မူးအောင်သောက်ပြီး Lori နှင့် ထိပ်တိုက်ဖြေရှင်းခဲ့သည်။ သူက Rick အမှန်တကယ်သေပြီဟု ထင်ကြောင်း၊ မင်းတို့လည်း ဒီလိုပဲထင်မည်ဖြစ်ကြောင်း ပြောဆိုပြီးနောက် Lori အား နမ်းရန် ကြိုးစားသည်။ Lori သည် Shane ၏ မျက်နှာနှင့် လည်ပင်းများကို ကုတ်ခြစ်ခဲ့သည်။
          ဖုတ်ကောင်များ ၀င်ရောက်တိုက်ခိုက်မှုပြီးသည့်နောက် Rick သည် Lori အား ရှာဖွေရာတွင် ငိုကြွေးလျက်ရှိသော Lori အား တွေ့ရှိရပြီး ပွေ့ဖက်၍ အားပေးစကားများပြောကြားခဲ့သည်။” ငါတို့ ကြောက်ရွံ့စရာတွေ မရှိတော့ပါဘူး၊ ဒီမှာ လုံခြုံပါတယ်” ဟု ပြောကြားခဲ့သည်။ သို့သော် Lori မည်သည့်အကြောင်းကြောင့် ၀မ်းပမ်းတစ်နည်းဖြစ်ရကြောင်းကို Rick အနေဖြင့် အမှန်တိုင်း မသိရှိခဲ့ပေ။
အပိုင်း (၂) ဆက်ရန်>>>>>>

No comments:

Post a Comment