Thursday, January 26, 2012
Zombie ( ဖုတ်ကောင် ) ဆိုသည်မှာ
Zombie
(ဖုတ်ကောင်) (ဟေတီဘာသာစကားဖြင့် Zonbi ၊ အာဖရိကတိုက် အင်ဂိုလာနိုင်ငံ အနောက်မြောက်ပိုင်းရှိ
Mbundu ဘာသာစကားဖြင့် Nzumbe) ဆိုသည်မှာ လူသေကောင်အား စုန်းအတတ်၊ မှော်ပညာတို့ဖြင့်အသက်ပြန်လည်သွင်းပြီး
ရှင်သန်ထမြောက်လာသော အလောင်းကောင်ကိုဆိုလိုသည်။ ထို့ပြင်အိပ်မွေ့ချခံထားရပြီး လမ်းလျှောက်နိုင်၍
ပတ်ဝန်းကျင် စေ့ဆော်မှုကို သိရှိသော်လည်း သတိလက်လွတ်ဖြစ်ကာ မိမိကိုယ်ကိုသတိမထားနိုင်သော
သူများကိုလည်း Zombie ဟု သုံးနှုန်းသည်။ အဆိုပါ Zombie များသည် ၁၉ ရာစုမှစ၍ ထင်ရှားလာပြီး
အထူးသဖြင့် ဥရောပနှင့် မြောက်အမေရိကဒေသတို့၏ ရိုးရာပုံပြင်များတွင် ဖုတ်ကောင်များအကြောင်း
အများအပြားပါရှိခဲ့သည်။
ယခုခေတ်တွင်
Zombie (ဖုတ်ကောင်) များသည် ထိတ်လန့်သည်းဖိုဝတ္ထုများတွင် အများအပြား ပါဝင်လျက်ရှိသည်။
၁၉၆၈ ခုနှစ်တွင် George A. Romero ရိုက်ကူးသော Night of the Living Dead ဇာတ်ကားမှစတင်၍
လူကြိုက်များခဲ့ပြီး အဆိုပါ Zombie (ဖုတ်ကောင်) များသည် များစွာသော စာအုပ်များ၊ ရုပ်ရှင်များနှင့်
ရုပ်သံဇာတ်လမ်းများတွင် ပါဝင်ခဲ့သည်။
လတ်တလောအချိန်တွင်
အဆိုပါဖုတ်ကောင်များပါဝင်သော ဇာတ်လမ်းများ၏ ဦးတည်ရာ သည် ပြောင်းလဲလျက်ရှိသည်။ ယခင်
ဖုတ်ကောင်ဇာတ်လမ်းများသည် မှော်ပညာနှင့် စုန်းအတတ်များ ပါဝင်ပြီး ဖုတ်ကောင်အနည်းငယ်သာ
ပါဝင်သော်လည်း ယခုဖုတ်ကောင်ဇာတ်လမ်းများသည် ဗိုင်းရပ်စ်ပိုး ပြန့်ပွားခြင်း ကြောင့်
လူအမြောက်အမြား ဖုတ်ကောင်များ အဖြစ်သို့ ရောက်ရှိသွားသော ဇာတ်လမ်းများသို့ ဦးတည်ချက်ပြောင်းလျက်ရှိသည်။
ထိုသို့ပြောင်းလဲလာခြင်းမှာ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော အခြေအနေများကိုထင်ဟပ်ပြီး
ဖုတ်ကောင်ဇာတ်လမ်းများကို ရေးသားလာသော ကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်တွင် AIDS ရောဂါ၊
SARS ရောဂါ နှင့် ကြက်ငှက်တုပ်ကွေးကဲ့သို့သော ဗိုင်းရပ်စ်ပိုးကိုအခြေခံသည့်ရောဂါများ
အရှိန်အဟုန်နှင့် ပျံ့နှံလျက်ရှိခြင်းကြောင့် ဖုတ်ကောင် ဇာတ်လမ်းများအား ဗိုင်းရပ်စ်ပိုးအပေါ်အခြေခံ၍
ရေးသားလာကြခြင်း ဖြစ်သည်။ ထို့ပြင် သဘာဝဘေး အန္တရာယ်များ ကျရောက်မှုများပြားလာသောကြောင့်
အဆိုပါအန္တရာယ်များကျရောက်လျှင် ကြုံတွေ့ ရမည့်အနေအထားများကိုလည်း ဖုတ်ကောင်ဇာတ်လမ်းများတွင်
ထင်ဟပ်ဖော်ပြလျက်ရှိသည်။
ဗိုင်းရပ်စ်ပိုးပျံ့နှံ၍
လူသားများအနည်းငယ်သာကျန်ရှိတော့သည့် အချိန်တွင်ဖြစ်ပေါ် တတ်သော လူသားတို့၏စိတ်ခံစားချက်၊
အနာဂတ်ရည်မှန်းချက်များ ပျောက်ဆုံးပြီး ဘေးအန္တရာယ်များ နှင့် ရင်ဆိုင်ရချိန်တွင် ဖြစ်ပေါ်တတ်သော
လူသားတို့၏အနေအထား ၊ စိတ်ခံစားချက်နှင့် အန္တရာယ် ကျရောက်ချိန်တွင် သူတစ်ပါးအား ကူညီတတ်သော
ကိုယ်ချင်းစာစိတ်ဓာတ်၊ ခေါင်းဆောင်မဲ့ နေချိန်တွင် ဦးဆောင်နိုင်မည့် ခေါင်းဆောင်ကောင်းအား
ရှာဖွေခြင်းအစရှိသည့် လူသားတို့၏ ကမ္ဘာပျက်စီးသွားသော အခြေအနေ (Apocalyptic Event) တွင်
လူသားတို့ ဘ၀ပြန်လည်ဦးမော့လာ စေရန် ထားရှိအပ်သော ရှင်သန်လွတ်မြောက်ရေးမူဝါဒ
(Survivalism) ကို အဆိုပါ ဖုတ်ကောင် ဇာတ်လမ်းများတွင် အများအပြားမြင်တွေ့ရသည်။
ထို့ပြင်
ဖုတ်ကောင်အန္တရာယ်များကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်စေ ကမ္ဘာကြီးပျက်စီးလုနီးသော
ဝရုန်းသုန်းကား အခြေအနေမျိုးဖြစ်ပေါ်ပြီး လူသားများ အတိဒုက္ခ ရောက်ချိန်တွင် တစ်ဦးပေါ်တစ်ဦးကူညီစောင့်ရှောက်ခြင်း၊
ကိုယ်ချင်းစာစိတ်ထားရှိခြင်း၊ မိမိ တစ်ဦးတည်းကောင်းစားရေးကိုမကြည့်ဘဲ အခြားသူများအတွက်
အနစ်နာခံဆောင်ရွက်ပေးခြင်း အစရှိသည့် ခေါင်းဆောင်ကောင်းစိတ်ဓာတ်များထားရှိရန် လိုအပ်ခြင်းသည်လည်း
ဖုတ်ကောင် ဇာတ်လမ်းများကို ကြည့်ခြင်းဖြင့်သိရှိရသည်။ ထို့ကြောင့် ဖုတ်ကောင်ဇာတ်လမ်းများသည်
ယခင်ကဲ့သို့ စိတ်ကူးယဉ်ဇာတ်လမ်းများမဟုတ်ဘဲ ကမ္ဘာပေါ်တွင် လက်ရှိကြုံတွေ့နေရသော ပြဿနာများကို
ထင်ဟပ်ဖော်ပြလျက်ရှိသောကြောင့် သိရှိနားလည်ထားသင့်သော အကြောင်းအရာ ဇာတ်လမ်းများ ဖြစ်ပါကြောင်း
ဖော်ပြလိုက်ပါသည်။
Wednesday, January 25, 2012
Monday, January 23, 2012
Zombie (ဖုတ်ကောင်) အမျိုးအစားများနှင့် သွင်ပြင်လက္ခဏာများ ( ၂ )
ဇာတ်လမ်း
|
ဥာဏ်ရည်
|
တိရစ္ဆာန်များအား
တိုက်ခိုက်ခြင်း
|
ပြည်လည်
ရှင်သန်လာချိန်
|
မူလဇစ်မြစ်
|
ကိုယ်တွင်းအရည်များမှ
ပျံ့နှံ့မှု
|
မီးလောင်ခြင်း
အား
ကြောက်ရွံ့မှု
|
Night of the Living Dead
|
မဖော်ပြ
|
မရှိ
|
၂ နာရီမှ ၃၆ နာရီအတွင်း
|
မရေရာ
|
ရှိ
|
ကြောက်ရွံ့မှုရှိ
|
Dawn of the Dead (1978)
|
မသိရှိ
|
မရှိ
|
မသိရှိ
|
မရေရာ
|
ရှိ
|
မသိရှိ
|
Dawn of the Dead (2004)
|
မဖော်ပြ
|
မရှိ
|
၁ နာရီမှ ၁၂ နာရီအတွင်း
|
မရေရာ
|
ရှိ
|
မရှိ
|
World War Z
|
မဖော်ပြ
|
ရှိ
|
၆ နာရီမှ ရက်သတ္တပတ်အတွင်း
|
Solanum Virus (တရုတ်
နိုင်ငံတွင် စတင်)
|
မရှိ
|
မရှိ
|
Left 4 Dead
|
မဖော်ပြ
|
မသိရှိ
|
၅ မိနစ်မှ ၄ နာရီအတွင်း
|
Green Flu Virus
|
ရှိ (အထူးသဖြင့်
Bommer များ ပျို့အန်ခြင်း)
|
ရှိ (မီးလောင်မှု
ပြင်းထန်)
|
Zombiela-nd
|
မဖော်ပြ
|
မသိရှိ
|
၅ မိနစ်မှ ၄ နာရီအတွင်း
|
ရောဂါကူးစက်
ထားသော ဟမ်ဘာဂါ
|
ရှိ
|
ရှိ
|
28 Days Later
|
မဖော်ပြ
|
ရှိ
|
၁ မိနစ်အတွင်း
|
လူတို့ပြုလုပ်သည့်
Rage Virus
|
ရှိ (ပျို့အန်ခြင်း)
|
မရှိ
|
The Walking Dead
|
အချို့ရှိနိုင်
|
ရှိ
|
မသိရှိ
|
မဆုံးဖြတ်နိုင်
|
ရှိ
|
မရှိ
|
Dead Rising 2
|
မဖော်ပြ
|
မသိရှိ
|
၁ မိနစ်အတွင်း
|
လူတို့ပြုလုပ်
သည့် Queens
Virus
|
ရှိ (ပျို့အန်ခြင်း)
|
မသိရှိ
|
Return of the Living Dead
|
လူသား ကဲ့သို့
|
မသိရှိ
|
ဓာတ်ငွေ့ရရှိမှု ပေါ်မူတည်
|
Trioxin 245 ဓာတ်ငွေ့
|
အချို့မှတစ်ဆင့်
ကူးစက်နိုင်
|
မရှိ
|
I am Legend
|
လူသား ထက်အ နည်းငယ်
လျော့
|
ရှိ
|
မသိရှိ
|
Krippen Virus
|
မရှိ
|
ရှိ
|
Zombie (ဖုတ်ကောင်) အမျိုးအစားများနှင့် သွင်ပြင်လက္ခဏာများ ( ၁ )
ဇာတ်လမ်း
|
မြန်နှုန်း
|
တွယ်တက်နိုင်မှု
|
အာရုံပြောင်းနိုင်မှု
|
သေနတ်သံ
ကြားနိုင်မှု
|
ပျက်စီးရန်
ကြာမြင့်ချိန်
|
ဦးခေါင်းသီးသန့်
ပစ်နိုင်ခြင်း
|
Night
of the Living Dead
|
နှေး
|
မဖော်ပြ
|
မဖော်ပြ
|
မရှိ
|
မဆုံးဖြတ်နိုင်
|
ရှိ
|
Dawn
of the Dead (1978)
|
နှေး
|
အချို့သာ တွယ်တက်နိုင်
|
ရှိ
|
မရှိ
|
မဆုံးဖြတ်နိုင်
|
ရှိ
|
Dawn
of the Dead (2004)
|
မြန်
|
အချို့သာ တွယ်တက်နိုင်
|
မဖော်ပြ
|
မရှိ
|
သာမန်
လူသေကဲ့သို့
|
ရှိ
|
World
War Z
|
နှေး
|
အနည်းငယ်သာ တွယ်တက်နိုင်
|
မဖော်ပြ
|
မရှိ
|
၎ နှစ်မှ၁၂နှစ်
အတွင်း
|
ရှိ
|
Left
4 Dead
|
မြန်
|
ကျွမ်းကျင်မှုရှိ
|
ရှိ
|
ပေ ၃၀ ပတ်လည်
အတွင်း
|
သာမန်
လူသေကဲ့သို့
|
မရှိ
|
Zombiela-nd
|
မြန်
|
ကျွမ်းကျင်မှုရှိ
|
ရှိ
|
ရှိ
|
သာမန်
လူသေကဲ့သို့
|
မရှိ
|
28
Days Later
|
မြန်
|
အနည်းငယ်သာ
တွယ်တက်နိုင်
|
ရှိ
|
မသိရှိ
|
ငတ်မွတ်ခြင်း
ကြောင့် သေဆုံး
|
မရှိ
|
The
Walking Dead
|
နှေး
|
အနည်းငယ်သာ
တွယ်တက်နိုင်
|
ရှိ
|
ရှိ
|
မသိရှိ
|
ရှိ
|
Dead
Rising 2
|
နှေး
|
မဖော်ပြ
|
ရှိ
|
မသိရှိ
|
မဆုံးဖြတ်နိုင်
|
မရှိ
|
Return
of the Living Dead
|
မြန်
|
ကျွမ်းကျင်မှုရှိ
|
ရှိ
|
ရှိ
|
သာမန်
လူသေကဲ့သို
|
မရှိ
|
I
am Legend
|
မြန်
|
ကျွမ်းကျင်မှုရှိ
|
မရှိ
|
ရှိ
|
မရှိ(ခရမ်းလွန်
ရောင်ခြည်နှင့် ထိတွေ့လျှင် ပျက်စီးနိုင်)
|
မရှိ
|
Subscribe to:
Posts (Atom)